Justice For Myanmar

Subscribe
Archives
March 25, 2021

Y Complex မြေနေရာ ငှားရမ်းမှုအတွက် မြန်မာစစ်တပ်ကို ဂျပန်က ငွေပေးချေမှု အသေးစိတ်ကို သက်သေအထောက်အထား အသစ်များက ပြနေသည်။

JUSTICE FOR MYANMAR


Dear all,

See our Burmese language press release below and online here on Y Complex payments to the military and our response to public comments reported by Reuters yesterday.

Regards,

Justice For Myanmar

Y Complex မြေနေရာ ငှားရမ်းမှုအတွက် မြန်မာစစ်တပ်ကို ဂျပန်က ငွေပေးချေမှု အသေးစိတ်ကို သက်သေအထောက်အထား အသစ်များက ပြနေသည်။

ဒီမိုကရေစီ ပြန်လည်ရရှိပြီး မြေနေရာကို အရပ်သား အစိုးရက ထိန်းချုပ်လိုက်သည်အထိ Y Complex စီမံကိန်းကို ရပ်ဆိုင်းထားပေးရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်။ မြန်မာ။ ထွက်ပေါ်လာသော တရားဝင် စာရွက်စာတမ်းများက Y Complex ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် မြန်မာစစ်တပ် တပ်ထောက်ချုပ်ရုံး သို့ မြေငှားရမ်းခ ပေးသွင်းမှုများကို ဖော်ပြနေသည်။ Distributed Denial of Secrets က ထုတ်ဖော်လိုက်သည့် မြေငှားရမ်းမှု စာရွက်စာတမ်း တစ်ခု အရ စစ်တပ်ကို နှစ်စဉ် အမေရိကန် ဒေါ်လာ ၂.၁၆၃ သန်း ပေးနေရသည်။ ဤငွေကို ဂျပန်ရင်းနှီးမြှုပ်နှံသူများက အများဆုံး ပေးရသည်။

ရင်းနှီးမြှုပ်နှံသူများတွင် ဂျပန် အစိုးရ အဖွဲ့အစည်း တစ်ခုနှင့် ဂျပန် ကော်ပိုရေးရှင်း နှစ်ခုတို့ ပါဝင်သည်။ ယင်းတို့မှာ ထားဝယ် အိမ်ယာ လုပ်ငန်းခွဲ Fujita နှင့် Tokyo Tatemono တို့ ဖြစ်သည်။ ငှားရမ်းမှု သဘောတူညီချက်ကို စီမံကိန်းတွင် ငွေကြေးထည့်ဝင်ရန် မလိုအပ်သော်လည်း အစုရှယ်ယာ ၂၀% ပိုင်ဆိုင်သော ဒေသခံ ကုမ္ပဏီဖြစ်သည့် ရန်ကုန် နည်းပညာနှင့် ကုန်သွယ်ရေး နှင့် လုပ်ဆောင်ထားသည်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ ရတနာ မောင်က “Y Complex စီမံကိန်းက ဂျပန်တွေအတွက်တော့ ရှက်စရာ တစ်ခုပါပဲ၊ ပြည်သူတွေကို တမင်သက်သက် သတ်ဖြတ်နေတဲ့ ကျည်ဆံတွေ ဝယ်တဲ့ မြန်မာစစ်တပ်ရဲ့ ရုံးအတွက် ဝင်ငွေတွေ ပေးနေတာပါ။ ဒီအချိန်မှာ ဂျပန်အစိုးရနဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ရွေးချယ်မှုကို မြန်မာ ပြည်သူတွေက သတိရနေမှာပါ။ သူတို့အနေနဲ့ စစ်တပ်ကို သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ အမြတ်ရနေတာကို ဆက်လက်ခွင့်ပြုပြီး လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ရာမှာ ကြံရာပါ အနေနဲ့ ပါမလား၊ ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်တဲ့ စစ်အုပ်စုကို ခုခံနေတဲ့ မြန်မာပြည်သူတွေနဲ့ ရပ်တည်မလားဆိုတာပါပဲ။ ဂျပန်က ခုချိန်ထိ အာဏာသိမ်းမှုကို တုန့်ပြန်ပြီး အရေးယူဆောင်ရွက်တာမျိုး မရှိသေးပါဘူး။ အခုက လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ကတိကဝတ်ကို ဖော်ပြဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။” ဟု ပြောသည်။

ဤစာရွက်စာတမ်းများ အပေါ် သတင်းရေးသားခဲ့သည့် ရိုက်တာသတင်းဌာနကို ကုမ္ပဏီနှင့် ဂျပန် အစိုးရအရာရှိများက ၎င်းတို့အနေနဲ့ မြေငှားခဟာ စစ်တပ်ဆီကို မဟုတ်ပဲ မြန်မာအစိုးရဆီကို သွားတယ်လို့ ထင်ခဲ့ကြကြောင်း ပြောသည်။ ဂျပန်၏ မြေယာ ဝန်ကြီးဌာနက “စစ်တပ်နှင့် ‘တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း’ ပတ်သက်မှု မရှိဘူးလို့ သဘောထားမိခဲ့တယ်” ဟု ပြောကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။ အဘယ်ကြောင့်ဆိုသော မြန်မာကာကွယ်ရေး ဝန်ကြီးဌာနသည် အစိုးရ ဌာနတစ်ခု ဖြစ်သည်။

သို့သော်လည်း ၎င်းတို့မှာ မှန်ကန်သည့် တုန့်ပြန်ခြင်းမဟုတ်ဟု Justice For Myanmar ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် Y Complex နှင့် YTT အကြား သဘောတူညီချက်တွင် မြေငှားရမ်းသူ အစစ်အမှန်ကို “ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ တပ်မတော် စစ်ထောက်ချုပ်ရုံး” ဟု အတိအလင်းဖော်ပြထားသောကြောင့် ဖြစ်သည်။ အငှားစာချုပ်က မြေငှားရမ်းခကို စစ်တပ်က ထိန်းချုပ်ထားသော ကာကွယ်ရေး ဝန်ကြီးဌာန သို့ပေးရမည်ဟု ဖော်ပြထားသည်။

အယ်ဒီတာများအတွက် မှတ်ချက်။

Y Complex အပေါ် Justice For Myanmar ၏ ဝက်ဘ်ဆိုဒ် ဆောင်းပါးကို https://www.justiceformyanmar.org/stories/land-lease-payments-tie-japanese-gov-and-investors-to-myanmars-military တွင် ကြည့်ပါ။

Y Complex အကြောင်း ရိုက်တာ၏ သတင်းကို https://www.reuters.com/article/us-myanmar-politics-japan-insight-idUSKBN2BG0FF တွင် ကြည့်ပါ။

ထွက်ပေါ်လာသော မြန်မာ ရင်းနှီးမြှုပ်နှံမှုများကို https://ddosecrets.com/wiki/Myanmar_Investments တွင် ကြည့်ပါ။

မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုအတွက် လှုပ်ရှားနေသည့် အမည်မထုတ်ဖော်သည့် လှုပ်ရှားတက်ကြွသူများအုပ်စု ဖြစ်သည့် Justice For Myanmar သည် စစ်တပ် စီးပွားရေးများ အဆုံးသတ်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အတွက် တောင်းဆိုနေသည်။

ဆုံး

ထပ်မံသိရှိလိုပါက -

ရတနာမောင်

အီးမေးလ် - media@justiceformyanmar.org

ဝဘ်ဆိုဒ် - https://www.justiceformyanmar.org/

ပုံတူဝဘ်ဆိုဒ် - https://justiceformyanmar.github.io/justiceformyanmar.org/

တွစ်တာ - @justicemyanmar

ဖေ့ဘုတ် - https://www.facebook.com/justiceformyanmar.org/


Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!

Website   Mirror site   X (Twitter)   Facebook   Telegram


Don't miss what's next. Subscribe to Justice For Myanmar:
Powered by Buttondown, the easiest way to start and grow your newsletter.