Justice For Myanmar

Archives
Subscribe
February 26, 2021

SGX-စာရင်းဝင် ကုမ္ပဏီသည် မြန်မာစစ်တပ်သို့ ဘတ်ဂျက်ပြင်ပ ပေးချေမှုတွင် သန်းပေါင်းများစွာ ရှာဖွေနေခြင်း

JUSTICE FOR MYANMAR


Dear all,

Here's is our Burmese press release on JFM's call for the Singapore Stock Exchange to suspend trading in a real estate developer financing the Myanmar army. Our investigation is online here: http://ow.ly/MrsH50DKkUf

Regards,

Justice For Myanmar

SGX-စာရင်းဝင် ကုမ္ပဏီသည် မြန်မာစစ်တပ်သို့ ဘတ်ဂျက်ပြင်ပ ပေးချေမှုတွင် သန်းပေါင်းများစွာ ရှာဖွေနေခြင်း

ETC ၏ ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့နေခြင်းကြောင့် ကုန်သွယ်မှု ရပ်ဆိုင်းထားရန် JFM က SGX အား တောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်။ မြန်မာနိုင်ငံ။ Justice For Myanmar (JFM) သည် စင်ကာပူ စတော့ စာရင်းဝင် ကုမ္ပဏီသည် မြန်မာစစ်တပ်၏ တပ်ထောက်ချုပ်ရုံးအတွက် သန်းနှင့်ချီပြီး ငွေကြေးများ ရှာဖွေပေးနေပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ပြစ်မှုများကို ငွေကြေးထောက်ပံ့နေခြင်းဖြင့် SGX သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာသော ဥပဒေများကို ချိုးဖောက်နေကြောင်း အထောက်အထားများ ရှာဖွေတွေ့ရှိခဲ့သည်။

မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က ရက်စက်သော စစ်အာဏာသိမ်းမှုတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သား အစိုးရထံမှ ဥပဒေနှင့် မလျော်ညီပဲ အာဏာသိမ်းယူထားသည့် ရာဇဝတ် အဖွဲ့အစည်း ဖြစ်သည်။ စစ်ထောက်ချုပ်ရုံးသည် လက်နက်များဝယ်ယူခြင်းတွင် တာဝန်ရှိသောကြောင့် ငွေကြေးများ ရှာဖွေခြင်းသည် လက်ရှိဆက်လက်ဖြစ်ပွားနေသော စစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် မြန်မာနိုင်ငံမှ ပြည်သူလူထုများအပေါ် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးသည်။

Emerging Towns နှင့် Cities Singapore Co. Ltd. (ETC) သည် ဇိမ်ခံ တိုက်ခန်းများနှင့် ရုံးခန်းများပါရှိသော အဆောက်အဦဖြစ်သည့် ရန်ကုန်ရှိ Golden City အိမ်မြေဖွံ့ဖြိုးရေး လုပ်ငန်းနောက်ကွယ်က အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ ငှားရမ်းနေထိုင်သူများမှာ Huawei နှင့် Bank of China ကဲ့သို့သော အရေးပါသည့် တရုတ် ကော်ပိုရေးရှင်းကြီးများ ပါဝင်သည်။

စစ်တပ်သို့ ပေးသွင်းမှုများတွင် အစပျိုး ပေးသွင်းမှု (ပရီမီယံ) အမေရိကန် ဒေါ်လာ ၆.၈ သန်း၊ နှင့် နှစ်စဉ် ပေးသွင်းမှု အမေရိကန်ဒေါ်လာ ၂.၈ သန်း ပါဝင်သည်။ သဘောတူညီချက်မှာ တည်ဆောက်-လည်ပတ်-လွှဲပြောင်း သဘောတူစာချုပ်အောက်တွင် ဖြစ်ပြီး အများဆုံး နှစ် ၇၀ သက်တမ်းအဆုံးတွင် စစ်တပ်က အဆောက်အအုံးကို ပိုင်ဆိုင်မှု အဖြစ်ရရှိမည်။ နှစ်ပေါင်း ၇၀ အတွင်း စစ်တပ်သို့ စုစုပေါင်း ပေးသွင်းငွေ ပမာဏ မှာ အမေရိကန် ဒေါ်လာ ၁၉၁.၁ သန်း အထိလိမ့်မည်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “SGX က ETC ကို ဆက်ပြီး ကုန်သွယ်ခွင့်ပြုထားခြင်းအားဖြင့် နိုင်ငံတကာ ရာဇဝတ်မှုကို ငွေကြေးထောက်ပံ့တာကို ပံ့ပိုးပေးနေတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် အထောက်အထားဟာ အခိုင်အမာ ရှိနေပြီး အာဏာသိမ်းတဲ့ အချိန်က စလို့ သူတို့ရဲ့ လူသားဖြစ်မှု အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေဟာ အခုဆိုရင် ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းပေါ်မှာ သူတို့ရဲ့ အသက်တွေကို ထားရှိတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် အခုအခါ ကျူးလွန်လျက်ရှိနေတယ်။ ETC အနေနဲ့ မြန်မာစစ်တပ်ကို ငွေပေးသွင်းမှုတွေ အားလုံး ရပ်ဆိုင်းသွားတဲ့ အထိ ကုန်သွယ်မှုမှ ချက်ချင်း ရပ်ဆိုင်းထားဖို့ ကျွန်မတို့ အနေနဲ့ SGX ကို တောင်းဆိုပါတယ်။ ETC ဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုနဲ့ လူထု ပိုင်ဆိုင်မှုတွေကို ခိုးယူနေမှုတွေအပေါ် ETC က ကူညီ ပံ့ပိုးပေးနေတာကို လက်ခံနိုင်စရာ မရှိပါဘူး။”

Justice For Myanmar ၏ ရွှေမြို့တော် (Golden City) ဘဏ္ဍာရေး အပေါ် စုံစမ်းစစ်ဆေးမှုအရ စီမံကိန်းတွင် နော်ဝေးနှင့် စင်ကာပူတို့၏ လူထု ရံပုံငွေများ ရင်းနှီးမြှုပ်နှံထားသည့် မြန်မာနိုင်ငံ၏ ရိုးမဘဏ် သာမက မလေးရှား၏ Maybank၊ ထိုင်ဝမ်၏ E.SUN ဘဏ် နှင့် တရုတ်နိုင်ငံ၏ ICBC အပါအဝင် အဓိကကျသော ဒေသဆိုင်ရာ ဘဏ်များ ပါဝင် ပတ်သက်နေသည်ကို စံ တွေ့ရှိခဲ့ရသည်။

ရတနာမောင်က “ကျွန်မတို့အနေနဲ့ နိုင်ငံတကာ ဘဏ်တွေကို ETC နဲ့ လုပ်ထားတဲ့ အကြွေးဝယ်ကဒ် ဝန်ဆောင်မှုတွေကို ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုပါတယ်။ ETC ကို အကြွေးပေးခြင်းဟာ မြန်မာစစ်တပ်ကို အကျိုး အမြတ်ရစေကာ နိုင်ငံတကာ လူ့အခွင့်အရေး နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်မှု ြဖစ်စေသည်။ ETC ရဲ့ အကြွေးရှင်တွေနဲ့ အခြား စီးပွားရေး လုပ်ငန်းအားလုံးကို မြန်မာစစ်တပ်နဲ့ သိသာထင်ရှားတဲ့ သူတို့ရဲ့ စီးပွားရေးအရ ဆက်နွယ်နေတဲ့ ETC လို လုပ်ငန်းတွေနဲ့ ဆက်စပ်နေမှုတွေကို ဖြတ်တောက်ဖို့ တောင်းဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ETC အပါအဝင် သူတို့ရဲ့ ထင်ရှားတဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ပစ်မှတ်ထားလုပ်ဆောင်တဲ့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုချက်တွေကို ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။”

အယ်ဒီတာအတွက် မှတ်စု

Justice For Myanmar ၏ SGX က ရွှေမြို့တော် အိမ်မြေ ရောင်းဝယ်မှုအပေါ် ဝက်ဘ်ဆိုက် ဆောင်းပါးကို ဤနေရာတွင် ကြည့်ပါ။ https://www.justiceformyanmar.org/stories/singapore-stock-exchange-listed-real-estate-firm-contributes-millions-for-myanmar-army

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

ဆုံး

ထပ်မံသိရှိလိုပါက - ရတနာမောင်

အီးမေးလ် - [email protected]

ဝဘ်ဆိုဒ် - https://www.justiceformyanmar.org/

ပုံတူဝဘ်ဆိုဒ် -https://justiceformyanmar.github.io/justiceformyanmar.org/

တွစ်တာ - @justicemyanmar

ဖေ့ဘုတ် -https://www.facebook.com/justiceformyanmar.org/


Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!

Website   Mirror site   X (Twitter)   Facebook   Telegram


Don't miss what's next. Subscribe to Justice For Myanmar:
← Newer Justice For Myanmar responds to SGX scrutiny of Myanmar military-linked developer Older → JFM calls for SGX to suspend trading in real estate developer financing international crimes in Myanmar
Powered by Buttondown, the easiest way to start and grow your newsletter.