Justice For Myanmar

Archives
Subscribe
March 20, 2021

ရွှေလီ ၃ ရေအားလျှပ်စစ် ရေကာတာစီမံကိန်း ရပ်တန့်လိုက်မှုကို Info Birmanie နှင့် JFM တို့က ကြိုဆိုလိုက်သည်။

JUSTICE FOR MYANMAR


လေးစားရပါသောမီဒီယာမိတ်ဆွေများ

ရွှေလီ ၃ ရေအားလှပ်စစ်စီမံကိန်းကို ပြင်သစ် ကုမ္ပဏီ EDF ကရပ်ဆိုင်းလိုက်ပါကြောင်းတရား ၀င်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

EDF ထုတ်ပြန်ကြေငြာစာနှင့် Info Birmanie နှင့် Justice For Myanmar တို့၏ တန်ပြန် တုံ့ပြန်ချက်များကို JFM ၏ ဝဘ်ဆိုဒ် ယခုနေရာတွင် ကြည့်ရှုပါ။

လေးစားစွာဖြင့် Justice For Myanmar

ရွှေလီ ၃ ရေအားလျှပ်စစ် ရေကာတာစီမံကိန်း ရပ်တန့်လိုက်မှုကို Info Birmanie နှင့် Justice For Myanmar တို့က ကြိုဆိုလိုက်သည်။

၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်။ Info Birmanie နှင့် Justice For Myanmar တို့က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ရက်စက်ကြမ်းကြုတ်ပြီး တရားဥပဒေနှင့် မညီသည့် စစ်အာဏာသိမ်းမှု ဖြစ်ပွားစဉ်တွင် လူ့အခွင့်အရေး အခြေခံများပေါ်မူတည်လျက် မြန်မာနိုင်ငံရှိ ရွှေလီ ၃ ဧရာမ ရေကာတာ စီမံကိန်းကြီးကို ရပ်တန့်ရန် ပြင်သစ် စွမ်းအင် ကုမ္ပဏီကြီးဖြစ်သော Électricité de France (EDF) ၏ ကြေညာချက်ကို ကြိုဆိုလိုက်သည်။ ပြင်သစ် အစိုးရက အများစု ပိုင်ဆိုင်ထားသော အများသိ အစုရှယ်ယာ စာရင်းဝင် EDF သည် ပြည်တွင်း စစ်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တွင် မီဂါဝပ် ၆၇၁ ရှိ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည့် စီမံကိန်းအပါအဝင် ရွှေလီ ၃ ရေကာတာကို ဆောက်လုပ်သည့် လုပ်ငန်းအစုအဖွဲ့ကို ဦးဆောင်သည်။ မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိနေသည်။ ယင်းစီမံကိန်းတွင် ဂျပန်နိုင်ငံ မာရူဘီနီ နှင့် မြန်မာနိုင်ငံမှ ခရိုနီ ကုမ္ပဏီဖြစ်သော ဧရာဟင်္သာ ခရိုနီကုမ္ပဏီတို့မှာလည်း ရင်းနှီးမြှုပ်နှံသူများဖြစ်ကြသည်။ စီမံကိန်း ကုန်ကျစားရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလီယံရှိသည်ဟု သတင်းများက ဆိုသည်။

Justice For Myanmar အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “ရာဇဝတ်ကောင်တွေဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တမင်သက်သက် သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်ပါတ်သက်နေနိုင်တဲ့ ရွှေလီ ၃ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းလိုက်ဖို့ EDF ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့အနေနဲ့ ကြိုဆိုလိုက်ပါတယ်။ တကယ်ဆို ဒီရွှေလီ ၃ ဧရာမ-ရေကာတာဟာ ဒီအဆင့်ကို ဘယ်လိုနည်းနဲ့မှ ရောက်မလာသင့်ပါဘူး။ ဒီရေကာတာဟာ လက်ရှိ ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး စနစ်တကျ လုပ်ဆောင်နေတဲ့ ကြီးမားကျယ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်မှာ တည်ရှိပါတယ်။ မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်ဆောင်မှုတွေကို အဆုံးသတ်ဖို့ ကုမ္ပဏီတွေအားလုံးကို ကျွန်မတို့ တောင်းဆိုပါတယ်။ သူတို့ဟာ နဂိုအတိုင်း လုပ်ငန်းတွေ ဆက်လုပ်နေခဲ့မယ်ဆိုရင် စစ်အုပ်စုကို ငွေကြေးထောက်ပံ့မှု ဖြစ်စေမယ့်သဘာဝဓါတ်ငွေ့ ဝယ်ယူတဲ့အပေါ် ငွေပေးချေမှုတွေလုပ်ဆောင်နေမှာမို့ Total အနေဖြင့် အခုအချိန်မှာ EDF က ချမှတ်ခဲ့တဲ့ နမူနာကို လိုက် လုပ်သင့်ပြီး အဆက်အသွယ်တွေကို ဖြတ်‌‌တောက်ရမယ်။” ဟု ပြောသည်။

Info Birmanie မှ တာဝန်ခံတစ်ဦးဖြစ်သူ Sophie Brondel က "ရွှေလီ ၃ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းဖို့ EDF ရဲ့ ဆုံးဖြတ်ချက်ဟာ မှတ်တိုင်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ပြင်သစ်ကုမ္ပဏီတွေ ရှေ့ကို ဘာဆက်လုပ်သင့်တယ်ဆိုတာကို ညွှန်ပြနေတယ်။ စစ်အုပ်စုနဲ့ ချိတ်ဆက်မှုရှိနေတဲ့ ကုမ္ပဏီအားလုံးကို အထူးသဖြင့် ကျွန်မတို့ တောင်းဆိုပါတယ်။ စီးပွားရေး လုပ်ငန်းတွေဟာ ဒီမိုကရေစီ ဘက်က ရပ်တည်ဖို့ တာဝန်ရှိပြီး သူတို့ဟာ စစ်အုပ်စုကို မီးထိုးပေးတာမျိုး မလုပ်ဖို့ တာဝန်ခံရမှာ ဖြစ်ပါတယ်။ ကြားနေဖို့ ဆိုတာ ဟာ ရွေးချယ်စရာ မဟုတ်ပါဘူး။" ဟု ပြောသည်။

ဖေဖော်ဝါရီလထဲတွင် စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ စစ်အုပ်စုအနေဖြင့် လက်ရှိ လုပ်ဆောင်နေဆဲဖြစ်သော ရေအားလျှပ်စစ် စီမံကိန်းများကို “ဆက်လက်အကောင်အထည်ဖော်သွားမယ်” ဟု ပြောခဲ့သည်။ ရွှေလီ ၃ မှ ပြန်လည်ဆုတ်ခွာရန် EDF ၏ ဆုံးဖြတ်ချက်သည် ယင်း ကြေညာချက်ကို သိသိသာသာ သံသယ ဝင်စေသည်။

အယ်ဒီတာများသို့မှတ်ချက်

EDF ၏ စာကို အွန်လိုင်းတွင် ဤနေရာမှ ကြည့်ပါ။

Info Birmanie သည် မြန်မာနိုင်ငံတွင် လူအခွင့်အရေး ရရှိရန်အတွက် လှုပ်ရှားလုပ်ဆောင်သည့် ပြင်သစ်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံမှ လူထု လူမှုအဖွဲ့အစည်းများ၏ အကြံပြုချက်များကို ပြင်သစ်အာဏာပိုင်များထံသို့ သယ်ဆောင်ပေးသည်။

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

ဆုံး

ပိုမိုသိရှိလိုပါက ကျေးဇူးပြုရန် ဆက်သွယ်ရန်-

Sophie Brondel။ Info Birmanie တာဝန်ခံ

အီးမေးလ် - [email protected]

ဖုန်းနံပါတ် - +33 7 62 80 61 33

ရတနာ မောင်။ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ

အီးမေးလ် - [email protected]


Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!

Website   Mirror site   X (Twitter)   Facebook   Telegram


Don't miss what's next. Subscribe to Justice For Myanmar:
← Newer POSCO’s global reach financing the Myanmar military coup and atrocities exposed in Cartel Finance Map Older → Info Birmanie and Justice For Myanmar welcome suspension of Shweli-3 hydropower dam
Powered by Buttondown, the easiest way to start and grow your newsletter.