Justice For Myanmar

Subscribe
Archives
March 22, 2021

POSCO ၏ ကမ္ဘာတစ်ဝှမ်း လက်လှမ်းမီမှုက မြန်မာ စစ်အာဏာသိမ်းခြင်းကို ဘဏ္ဍာငွေ ထောက်ပံ့ပေးနေပြီး စစ်တပ် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးမြေပုံတွင် ဖော်ပြလိုက်သည့် ရက်စက်ယုတ်မာမှုများ

JUSTICE FOR MYANMAR


လေးစားရပါသောမီဒီယာမိတ်ဆွေများ

POSCO မှတစ်ဆင့်မြန်မာနိုင်ငံစစ်တပ်ရဲ့နိုင်ငံတကာနှင့်စီးပွါးရေးဆက်နွယ်နေခြင်းကိုမီးမောင်းထိုးပြထားတဲ့ စစ်တပ် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းများရဲ့ဘဏ္ဍာရေးမြေပုံအား Justice For Myanmar က ပထမဆုံးအ ကြိမ်ထုတ်ပြန်လိုက်ပါတယ်။ ကျတော်တို့ပြုစုရေးထားတဲ့ဆောင်းပါးကို ယခုနေရာတွင် ဖတ်ကြည့်ပါ။ စစ်တပ် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းများရဲ့ဘဏ္ဍာရေးမြေပုံ ကိုလည်း ယခုနေရာတွင် လေ့လာကြည့်ရှုပါ။ Korean Civil Society in Support of Democracy in Myanmar နှင့်ကျန်ုပ်တို့ပူးတွဲထုတ်ပြန်ထားတဲ့ထုတ်ပြန် ကြေငြာစာထဲမှာ POSCO ၏ အစုရှယ်ယာရှင်များနှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ POSCO နှင့် ဆက် သွယ်မှု ဖြတ်တောက်ကြရန် တောင်းဆိုထားပါတယ်။ ကျတော်တို့ ၏ပူးပွဲထုတ်ပြန်ကြေငြာစာကိုယခုနေရာ တွင် ကြည့်ရှုပါ။

ကျေးဇူးတင်ပါတယ်

Justice For Myanmar

POSCO ၏ ကမ္ဘာတစ်ဝှမ်း လက်လှမ်းမီမှုက မြန်မာ စစ်အာဏာသိမ်းခြင်းကို ဘဏ္ဍာငွေ ထောက်ပံ့ပေးနေပြီး စစ်တပ် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးမြေပုံတွင် ဖော်ပြလိုက်သည့် ရက်စက်ယုတ်မာမှုများ

မြန်မာနှင့် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက POSCO ၏ အစုရှယ်ယာရှင်များနှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်များအား POSCO နှင့် အဆက်ဖြတ်ရန် တောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်။ ရန်ကုန်နှင့် ဆိုးလ်။ မြန်မာနိုင်ငံရှိ အလွန်ရက်စက်ဆိုးရွားသောရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့မှု ပြုပေးနိုင်သည့် မြန်မာစစ်တပ်နှင့် စီးပွားရေး ဆက်နွယ်မှုကို POSCO က အဆုံးမသတ်သေးသည့်အတွက် တောင်ကိုရီးယားနှင့် မြန်မာ တက်ကြွလှုပ်ရှားသူများက အလွန် စိုးရိမ်ပူပန်နေကြသည်။ POSCO သည် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုတိုးချဲ့ခြင်း၊ သဘာ ဝဓါတ်ငွေ့ သယ်ယူပို့ဆောင်ရေး၊ သံမဏိထုတ်လုပ်ရေး နှင့် ခရီးသွားလုပ်ငန်းတို့အားဖြင့် မြန်မာစစ်တပ်ကို အကျိုးရှိစေသည့် အရေးပါသော စီးပွားရေး လုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားသည်။ POSCO ၏ အစုရှယ်ယာရှင်များနှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ၊ ဩစတေးလျားမှ ဥရောပ သမဂ္ဂ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုအထိ ကမ္ဘာတစ်ဝှမ်း ကွန်ရက်တို့အား ထိုကုမ္ပဏီနှင့် ဆက်သွယ်မှု ဖြတ်တောက်ကြရန် မြန်မာနှင့် တောင်ကိုရီးယားမှ တက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

စစ်တပ် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးမြေပုံ သည်အဓိက ဓါတ်သတ္တု တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီများ၊ နိုင်ငံတကာ ဘဏ်များ၊ နှင့် အငြိမ်းစားရံပုံ ငွေများအပါအဝင် မြန်မာနိုင်ငံရှိ POSCO နှင့် ဆက်နွယ်သော လုပ်ငန်း ၉၉ ခုကို မီးမောင်း ထိုးပြထားသည်။ ကုလသမဂ္ဂ စီးပွားရေး နှင့်လူ့အခွင့်အရေး ဆိုင်ရာ လမ်းညွှန် အခြေခံမူများနှင့် OECD လမ်းညွှန်ချက်များအောက် တွင် မြန်မာနိုင်ငံတွင် POSCO ၏ လုပ်ငန်း များကလက်ရှိဖြစ်ပွားနေသော လူသားမျိုးနွယ်ကို ဆန့်ကျင်သောရာဇဝတ်မှုများ နှင့် မြန်မာစစ်တပ်က ကျူးလွန်နေသော အခြား ရက်စက်ကြမ်းကြုတ်မှုများ အပါအဝင် ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုများတွင် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်တားဆီးရန် တာဝန်ရှိပေသည်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “POSCO ကို မြန်မာနဲ့ ကိုရီးယား တက်ကြွလှုပ်ရှားသူတွေ၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ (Amnesty International) တို့က အကြိမ်ကြိမ်ထပ်ပြီး အသိပေးခဲ့တယ်။ ဒါပေမယ့် သူတို့က မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်လုပ်နေခဲ့တယ်။ အခုကတော့ အဲဒါတွေက လူတွေကို အကြမ်းဖက်မှုတွေ ဖြစ်စေတယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုတွေ၊ လူအမြောက်အများကို ဒဏ်ရာရ စေမှုတွေ၊ တရားမဲ့ ဖမ်းဆီးမှုတွေနဲ့ နှိပ်စက်ညှင်းပမ်းမှုလုပ်ဆောင်တာတွေ ကို ဖြစ်လာစေခဲ့တယ်။ ဖေဖော်ဝါရီလ ၁ ရက် ဥပဒေနဲ့ မညီတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းယူမှု ကစလို့ သူတို့ရဲ့ သဘာဝဓါတ်ငွေ့ ဝင်ငွေဆိုင်ရာ သဘောတူညီမှုက စစ်အုပ်စုကို ဘဏ္ဍာငွေရစေတာကြောင့် မြန်မာစစ်တပ်အတွက် POSCO ရဲ့ အရေးပါမှုဟာ ပိုမိုကြီးမားလာပါတယ်။ မြန်မာနိုင်ငံအတွင်း POSCO ရဲ့ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ဆောင်မှုကို သူတို့ရဲ့ နိုင်ငံတကာ စီးပွားရေး ကွန်ရက်တွေက ဖြစ်အောင် လုပ်ပေးခဲ့တာပါ။ ကျွန်မ တို့အနေနဲ့ POSCO ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစု ရှယ်ယာရှင်တွေကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့နဲ့ POSCO နဲ့ ရှိနေတဲ့ ဆက်နွယ်မှုတွေကို ဖြတ်တောက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေအပေါ်မှာ ကြံရာပါ ဖြစ်နိုင်မယ့် အန္တရာယ်ကို ရှောင်ရှားကြပါ။ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပြီး ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းအောင် ကူညီပေးကြပါ။” ဟု ပြောသည်။

မြန်မာစစ်တပ်က သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုများကိုတမင်တကာ အရှိန်မြှင့်လာြခင်းထဲတွင် မြန်မာပြည်သူများ ပိတ်မိနေကြသည်။ စစ်အုပ်စုအပေါ် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုသည် စစ်တပ်၏ စီးပွားရေး အကျိုးအမြတ်များကို ပစ်မှတ်ထားခဲ့သော်လည်း POSCO မှာ တစ်စုံတရာ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။ မကြာသေးမီ ရက်သတ္တပါတ်များအတွင်းက POSCO မှ အလုပ်သမားများသည် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ နည်းကျစွာ ရွေးချယ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီက POSCO ထံသို့ စာတစောင်ပေးပို့ခဲ့ပြီး စစ်အုပ်စုအား ရေနံနှင့် သဘာဝ ဓါတ်ငွေ့ဆိုင်ရာ ငွေပေးချေမှု အားလုံးကို ရပ်ဆိုင်းထားရန် တောင်းဆိုခဲ့သည်။ လက်နက်မဲ့ အရပ်သားများ ရက်စက်စွာ တိုက်ခိုက် သတ်ဖြတ်ခံနေရသည့်တိုင် POSCO သည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်လျက် ၎င်းတို့၏ လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေခဲ့သည်။

Korean Civil Society in Support of Democracy in Myanmar ၏ အဖွဲ့၀င်ဖြစ်သော Kinam Kim က “POSCO က တစ်ဦးထဲ အလုပ်လုပ်နေတာ မဟုတ်ပဲ မြန်မာနိုင်ငံမှာ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ဖြစ်မြောက်အောင် တခြား ကိုရီးယား ကုမ္ပဏီတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပံ့ပိုးပေးနေတာဖြစ်တယ်။ မြန်မာနိုင်ငံမှာ တရားမဝင်တဲ့ စစ်အုပ်စုကို ပံ့ပိုးပေး နေတဲ့ POSCO နဲ့ တခြား ကိုရီးယား လုပ်ငန်းတွေ ရပ်တန့်သွားစေဖို့ ကိုရီးယား အစိုးရအနေနဲ့ သင့်လျော်တဲ့ အရေးယူဆောင်ရွက် မှုတွေ လုပ်ဖို့လိုအပ်တယ်။ အစိုးရ အနေနဲ့ ကိုရီးယား အမျိုးသား အငြိမ်းစား ဝန်ဆောင်မှုလုပ်ငန်းကနေ စသင့်တယ်၊ ဘာလို့လဲဆိုရင် အဲဒါဟာ ကိုရီးယား အခွန်ထမ်းပြည်သူတွေနဲ့ ရံပုံငွေတွေကို သုံးပြီး POSCO မှာ အဓိက ရင်းနှီးမြှုပ်နှံထားသူ ဖြစ်နေလို့ပါပဲ” ဟု ပြောသည်။

အယ်ဒီတာများအတွက် မှတ်ချက်

Cartel Finance Map https://data.justiceformyanmar.org/ တွင် ကြည့်ပါ။

Justice For Myanmar ၏ ဝက်ဘ်ဆိုက် ဆောင်းပါး Mapping the Myanmar Military Cartel’s Global Reach through POSCOကို www.justiceformyanmar.org/stories/mapping-the-myanmar-military-cartels-global-reach-through-posco တွင်ကြည့်ပါ။

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုအတွက် လှုပ်ရှားနေသည့် အမည်မထုတ် ဖော်သည့် လှုပ်ရှားတက်ကြွသူများအုပ်စု ဖြစ်သည့် Justice For Myanmar သည် စစ်တပ် စီးပွားရေးများ အဆုံးသတ်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အတွက် တောင်းဆိုနေသည်။

Korean Civil Society in Support of Democracy in Myanmar သည် မြန်မာနိုင်ငံရှိ လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုများနှင့် အခြားသော ဒီမိုကရေစီရေး အင်အားစုများနှင့် သွေးစည်းညီညွတ်လျက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တောင်ကိုရီးယားတွင် စည်းရုံးလှုံ့ဆော်နေသည့် လူထု လူမှု အဖွဲ့အစည်း ၄၇ ဖွဲ့၏ ကွန်ရက်ဖြစ်သည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်ပါ။

Yadanar Maung, Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ

အီးမေးလ် - media@justiceformyanmar.org

Kinam Kim Korean Civil Society in Support of Democracy in Myanmar ၏ အဖွဲ့၀င်

အီးမေးလ် - kn.kim@adians.net


Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!

Website   Mirror site   X (Twitter)   Facebook   Telegram


Don't miss what's next. Subscribe to Justice For Myanmar:
Powered by Buttondown, the easiest way to start and grow your newsletter.