မြန်မာနိုင်ငံသို့ Intelsat က ပေးအပ်လျက်ရှိသည့် အကန့်အသတ်မရှိ အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးချနိုင်
JUSTICE FOR MYANMAR
သို့
မိတ်ဆွေများ Intelsat 39 လွှင့်တင်သုံးဆွဲမှုအပေါ် တရားမဝင်စစ်ကောင်စီ ဘယ်လိုအသုံးပြုနေတယ်ဆိုတာ သိရှိခြင်းမရှိကြောင်း Intelsat က အတည်ပြု ပြောကြားပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ စစ်ရေးရည်ရွယ်ပြီးသုံးစွဲခြင်းကနေ ကာကွယ်ဖို့အတွက် ချက်ချင်းအရေးယူဆောင်ရွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ သတင်းထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ပေးပါ။ https://bit.ly/3luqpaO
လေးစားစွာဖြင့်
Justice For Myanmar
မြန်မာနိုင်ငံသို့ Intelsat က ပေးအပ်လျက်ရှိသည့် အကန့်အသတ်မရှိ အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးချနိုင်
စစ်ရေးအတွက် ဂြိုလ်တုဆက်သွယ်ရေးအသုံးပြုမှုမှ ကာကွယ်ရန် အရေးပေါ် အရေးယူလုပ်ဆောင်ရန် JFM တောင်းဆို
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ မြန်မာ - အမေရိကန်/လူဇင်ဘက် ဂြိုလ်တုကုမ္ပဏီ Intelsat သည် ဗြိတိန် ကုမ္ပဏီခွဲတစ်ခုမှတဆင့် မြန်မာ့အကြမ်းဖက်စစ်ကောင်စီသို့ ဂြိုလ်တုရေဒီယိုထပ်ဆင့်လွှင့်စက် ငှားရမ်း သုံးစွဲမှုကို ဆက်လက်ထားရှိလျက်ရှိသည်။ ဂြိုလ်တုထပ်ဆင့်လွှင့်မှု မည်မျှအသုံးပြုသည်ကိုမူ ၎င်းတို့ အနေဖြင့် သိရှိခြင်းမရှိကြောင်း Intelsat က Justice For Myanmar သို့ အတည်ပြု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ ပြည်တွင်းဖိနှိပ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် နည်းပညာရောင်းချမှုကို ကန့်သတ်ပိတ်ပင်သည့် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့၏ အရေးယူပိတ်ဆို့မှုအပေါ် ၎င်းတို့၏ လိုက်နာဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်းများကိုမူ Intelsat က ဖြေကြားလိမ့်မည် မဟုတ်ပါ။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင် မြန်မာလူသတ် စစ်ကောင်စီက စစ်ရေးရည်ရွယ်ချက်နဲ့ ဂြိုလ်တုဆက်သွယ်ရေးသုံးစွဲခြင်းကို ကာကွယ်ဖို့အတွက် ချက်ချင်း အရေးယူဆောင်ရွက်ဖို့ Intelsat ကို ကျွန်မတို့တောင်းဆိုပါတယ်။ Myanmarsat-2 ဂြိုလ်တု သဘောတူ စာချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်အစိုးရလက်ထက်မှာ လက်မှတ် ရေးထိုးခဲ့တာပါ။ အခုအချိန်မှာ Intelsat အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေတဲ့ ၎င်းတို့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဖြစ်မနေ ညှိနှိုင်းဆွေးနွေးရပါမယ်။ တရားမဝင် စစ်ကောင်စီနဲ့ ဆွေးနွေးရမှာမဟုတ်ပါဘူး။ Intelsat အနေနဲ့ အရေးယူပိတ်ဆို့မှု စည်းမျဉ်းများကို လိုက်နာ လုပ်ဆောင်မှုရှိရေး၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအပေါ် ကာကွယ်ပေးရေးတို့ကို လုပ်ဆောင်စေဖို့ ဗြိတိန်၊ လူဇင်ဘက်နှင့် အမေရိကန်ပြည်ထောင်စု အစိုးရများကိုလည်း ကျွန်မတို့ တောင်းဆိုပါတယ်။ စစ်တပ်က မြန်မာပြည်သူတွေအပေါ် ၎င်းတို့ရဲ့ နိုင်ငံအနှံ့အကြမ်းဖက်စစ်ဆင်ရေးတွေကို တိုးချဲ့ လုပ်ဆောင် လျက်ရှိနေပြီး ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၉၄၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူ ၅၄၀၀ ကျော်ဟာ ဖမ်းစီးခံခဲ့ရပြီး နှိပ်စက်ညှဉ်းပမ်းမှုများကို ရင်ဆိုင်နေရပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဂြိုလ်တုဆက်သွယ်ရေးကို မြန်မာပြည်သူတွေအပေါ် ၎င်းတို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် အထောက်အကူပြုဖို့ အသုံးချနိုင်တဲ့အပေါ် အလေးအနက် စိုးရိမ်ပူပန်မှုများ ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။
Myanmarsat-2 ဟု နာမည်ပေးထားသည့် မြန်မာနိုင်ငံက Intelsat 39 ဂြိုလ်တုငှားရမ်းသုံးစွဲမှု စာချုပ်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီး Maxar Technologies က တည်ဆောက်သည့် ဂြိုလ်တုကို ၂၀၁၉ ခုနှစ်တွင် လွှင့်တင်သုံးစွဲခဲ့သည်။ အဆိုပါ စာချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင် အစိုးရလက်ထက်တွင် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် အဆိုပါလုပ်ငန်းကို စစ်တပ်ကခန့်အပ်သည့် ဒုတိယသမ္မတ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ ဦးဆောင်သည့် ဦးဆောင်ကော်မတီတစ်ရပ်က ကြီးကြပ်သည်။ ကော်မတီအဖွဲ့ဝင်များတွင် စစ်တပ်က ခန့်အပ်သူများ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့ ပါဝင်ခဲ့ပြီး ရိုဟင်ဂျာများ အပေါ် စစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုများနောက်တွင် Intelsat ၏ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမည့် ပြဌာန်းချက်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့သည်။
အယ်ဒီတာများသို့မှတ်ချက်
Intelsat နှင့်ပတ်သက်၍ Justice For Myanmar ၏ သတင်းဆောင်းပါးကို ယခုနေရာတွင် ကြည့်ရှုပါ။ www.justiceformyanmar.org/stories/intelsat-leasing-satellite-capacity-to-myanmar-junta-that-can-be-used-for-military-communications
မြန်မာစစ်တပ်၏ ဂြိုလ်တုဆက်သွယ်ရေးရယူသုံးစွဲနိုင်မှုနှင့် ပတ်သက်၍ ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ အစီရင်ခံ စာ “အကျင့်ပျက်ခြစားမှုဆက်ထုံးများ၊ အလွဲသုံးစားပြုမှုလမ်းကြောင်းများ” ကို ကြည့်ရှုပါ။ https://www.justiceformyanmar.org/stories/nodes-of-corruption-lines-of-abuse-how-mytel-viettel-and-a-global-network-of-businesses-support-the-international-crimes-of-the-myanmar-military