မြန်မာစစ်တပ်သို့ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ၏ ငွေပေးချေမှုများကြောင့် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုများအတွက် စင်ကာပူနိုင်ငံသည် နိုင်ငံတကာ ဥပဒေအရတာဝန်ရှိနိုင်ပြီး လျော်ကြေးပေးအပ်ရန် လည်း တာဝန်ရှိနိုင်ကြောင်း အထင်ကရနိုင်ငံတကာရှေ့နေ ပြောကြား
JUSTICE FOR MYANMAR
သို့
မိတ်ဆွေများ
မြန်မာစစ်တပ်နှင့် ငွေကြေးအလွှဲအပြောင်းများရှိသည့် ကုမ္ပဏီတစ်ခု စတော့အိတ်ချိန်းစာရင်းတွင် ပါဝင်နေမှုအတွက် စင်ကာပူစတော့အိတ်ချိန်း၏ နိုင်ငံတကာဥပဒေကြောင်းဆိုင်ရာတာဝန်များ အပေါ် ရေးသားထားသည့် ဥပဒေရေးရာမှတ်စုတစ်ရပ်ကို Justice For Myanmar နှင့် the Australian Centre for International Justice တို့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါမှတ်စုကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး၊ အင်္ဂလန်နှင့် ဝေးလ်ရှေ့နေများကောင်စီ၊ ဩစတျေးလျနိုင်ငံ ဗစ်တိုးရီယားရှေ့နေများကောင်စီတို့တွင် တရားရုံးချုပ်ရှေ့နေတစ်ဦးဖြစ်သူ ဖီလစ်စီတီဂယ်ရီကျူစီ နှင့် ဗစ်တိုးရီယားရှေ့နေ့များကောင်စီတွင် တရားရုံးချုပ်ရှေ့နေတစ်ဦးပင်ဖြစ်သူ ဒါရီဂမ်တို့ ရေးသားခဲ့ ပြီး၊ စင်ကာပူစတော့အိတ်ချိန်း၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၊ Golden City တည်ဆောက် ဖော် ဆောင်သူ Emerging Towns & Cities ကုမ္ပဏီနှင့် ၎င်း၏ စပွန်စာကုမ္ပဏီ RHT Capital တို့ထံ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါမှတ်စုအပြည့်အစုံနှင့် မီဒီယာသတင်းထုတ်ပြန်ချက်ကို Justice For Myanmar ၏ ဝဘ်ဆိုဒ် ယခုနေရာတွင် ကြည့်ရှုနိုင်ပါသည်။
https://www.justiceformyanmar.org/stories/international-legal-issues-arising-for-the-singapore-stock-exchange-from-its-listing-of-emerging-towns-cities-singapore
လေးစားစွာဖြင့်
Justice For Myanmar
မြန်မာစစ်တပ်သို့ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ၏ ငွေပေးချေမှုများကြောင့် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုများအတွက် စင်ကာပူနိုင်ငံသည် နိုင်ငံတကာ ဥပဒေအရတာဝန်ရှိနိုင်ပြီး လျော်ကြေးပေးအပ်ရန် လည်း တာဝန်ရှိနိုင်ကြောင်း အထင်ကရနိုင်ငံတကာရှေ့နေ ပြောကြား
အထင်ကရ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့နေ ဖီလစ်စီတီဂယ်ရီကျူစီထံမှရရှိသည့် ဥပဒေရေးရာ မှတ်စုတစ်ရပ်တွင် နိုင်ငံတကာဥပဒေနှင့် လမ်းညွှန်ချက်များအရ စင်ကာပူစတော့အိတ်ချိန်းသည် တင်ကြိုကနဦး စိစစ်ရေး တာဝန်များရှိပြီး၊ မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ဆောင်နေသည့် ကုမ္ပဏီများနှင့် စပ်လျဉ်း၍ စင်ကာပူအစိုးရနှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့သည်လည်း တာဝန်မကင်း နိုင်ကြောင်း တွေ့ရှိခဲ့သည်။
အဆိုပါဥပဒေရေးရာမှတ်စုတွင် စင်ကာပူနိုင်ငံသည် “မလျော်ကန်သည့်လုပ်ရပ်များအဖြစ် သတ်မှတ် နိုင်သည့် ငွေကြေးလွှဲပြောင်းမှုများကို စုံစမ်းဖော်ထုတ်ရန်၊ ကာကွယ်ရန်နှင့် တားမြစ်ရပ်စဲရန်” နိုင်ငံတကာဥပဒေကြောင်းဆိုင်ရာ တာဝန်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် မြန်မာစစ်တပ်နှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး ဆိုင်ရာ ငွေကြေးအလွှဲအပြောင်းများအတွက် အဆိုပါနိုင်ငံတကာ ဥပဒေများကို ကျင့်သုံးရန် တာဝန်ရှိသည်။
မြန်မာစစ်တပ်၏ ဘဏ္ဍာငွေအဖွဲ့အစည်းများသည် နိုင်ငံတာဥပေဒများအား ချိုးဖောက်ကြောင်း၊ သို့မဟုတ် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေအပါအဝင် လိုက်နာရမည့် တာဝန်များကို ပျက်ကွက်ကြောင်း၊ အဆိုပါနှစ်ရပ်လုံးအား ဖောက်ဖျက်ပျက်ကွက်ကြောင်း တွေ့ရှိခဲ့လျင် စင်ကာပူစတော့အိတ်ချိန်းအပေါ် ဥပဒေကြောင်းအရ“ ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ခြင်း၊ ဥပဒေအတိုင်းလိုက်နာအောင်ဆောင်ရွက်ခြင်း “ ဖြင့် လွယ်ကူစွာ အရေးယူကုစားနိုင်မည် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး၊ အင်္ဂလန်နှင့်ဝေးလ်ရှေ့နေများကောင်စီ၊ ဩစတျေးလျနိုင်ငံ ဗစ်တိုးရီယားရှေ့နေများကောင်စီတို့တွင် တရားရုံးချုပ်ရှေ့နေတစ်ဦးဖြစ်သူ ဖီလစ်စီတီဂယ်ရီကျူစီ နှင့် ဗစ်တိုးရီယားရှေ့နေ့များကောင်စီတွင် တရားရုံးချုပ်ရှေ့နေတစ်ဦးပင်ဖြစ်သူ ဒါရီဂမ်တို့ ရေးသားခဲ့ သည့် အဆိုပါဥပဒေရေးရာမှတ်စုသည် Emerging Towns & Cities Singapore (ETC) ၏ စင်ကာပူစတော့အိတ်ချိန်းစာရင်းတွင် ပါရှိမှုအပေါ် အဓိကထား လေ့လာခဲ့သည်။ ETC သည် မြန်မာ စစ်တပ်၏ စစ်ထောက်ချုပ်ရုံး (ကကထောက်)နှင့် ဘီအိုတီ (တည်ဆောက်-လည်ပတ်-လွှဲပြောင်း) သဘောတူညီချက်ဖြင့် Golden City complex ကို တည်ဆောက်ဖော်ဆောင်သူ ဖြစ်သည်။ အဆိုပါ ဥပဒေရေးရာမှတ်စုကို Australian Centre for International Justice နှင့် Justice For Myanmar တို့က တောင်းဆိုပန်ကြားခြင်းကြောင့် ရေးသားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် စင်ကာပူစတော့အိတ်ချိန်းမှတဆင့် ဘဏ္ဍာငွေရှာဖွေမှုများတွင် မြန်မာစစ်တပ်သို့ ETC ၏ ငွေပေးချေမှုများ ပါဝင်ပတ်သက်နေသည့်အကြောင်း စုံစမ်းစစ်ဆေးမှု တစ်စောင်ကို Justice For Myanmar က ထုတ်ပြန်ပြီးနောက်တွင် စင်ကာပူစတော့အိတ်ချိန်းသည် ETC အပေါ် စည်းကမ်းထိမ်းသိမ်းကြီးကြပ်ရေးဆိုင်ရာအရေးယူမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ETC သည် လွတ်လပ်သည့် ပြန်လည်ဆန်းစစ်ရေးအဖွဲ့နှစ်ဖွဲ့အား ငှားရမ်းအပ်နှံခဲ့ပြီးဖြစ်သည်။ မြန်မာစစ်တပ်၏ (ကကထောက်) သို့ ငွေပေးချေမှုစာချုပ်များနှင့် ဘဏ္ဍာငွေရှာဖွေမှုများအား စစ်ဆေးရန် Nexia TS Advisory နှင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူနိုင်မှုအခြေအနေနှင့် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေတို့အပေါ် စစ်ဆေးရန် Kelvin Chia Partnership တို့ကို ငှားရမ်း အပ်နှံခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် အဆိုပါပြန်လည်ဆန်းစစ်မှုများသည် မြန်မာစစ်တပ်၏ စီးပွားရေးအကျိုးစီးပွားများနှင့် ကျူးလွန်ဆဲ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအပေါ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် သတိပေး ဖော်ပြထားသည့် နိုင်ငံတကာဥပဒေကြောင်းဆိုင်ရာ အန္တရာယ်များကို ထည့်သွင်းစဉ်းစား ထားခြင်း မရှိကြောင်း ဥပဒေရေးရာမှတ်စုတွင် တွေ့ရှိရသည်။
အကယ်၍ မြန်မာစစ်တပ်သို့ ETC ၏ ငွေပေးချေမှုများအား တားဆီးခြင်းမပြုလျှင် စင်ကာပူစတော့ အိတ်ချိန်း၊ ၎င်း၏ အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၊ ထိုမှတဆင့် စင်ကာပူအစိုးရတို့အတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာအန္တရာယ်နှင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရမှု အန္တရာယ် ဖြစ်နိုင်ခြေအလားအလာကိုလည်း အဆိုပါဥပဒေရေးရာမှတ်စုတွင် ဖော်ထုတ်ပြောဆို ခဲ့သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က
“ဒီဥပဒေရေးရာမှတ်စုက စင်ကာပူစတော့အိတ်ချိန်းနဲ့ စင်ကာပူအစိုးရတို့အတွက် အရေးတကြီး မေးခွန်းများ မေးမြန်းထားပါတယ်။ ဒီမှတ်စုက ထောက်ပြခဲ့သလို စင်ကာပူနိုင်ငံက မြန်မာနိုင်ငံမှာ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ ETC ကုမ္ပဏီဆိုတာ မြန်မာစစ်ကောင်စီနဲ့ ၎င်းတို့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ စီးပွားရေးဆက်နွယ်မှုရှိကြတဲ့ စင်ကာပူကုမ္ပဏီပေါင်း မြောက်များစွာ ထဲက တစ်ခုသာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ စင်ကာပူကုမ္ပဏီ တွေ ကြံရာပါပတ်သက်နေမှုကို ဆက်လက်မျက်ကွယ်ပြုထားမယ်ဆိုရင် စင်ကာပူအာဏာပိုင်တွေ အတွက် ပြင်းထန်တဲ့ ဥပဒေရေးရာအကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ဒီမှတ်စုမှာ ဖော်ပြထားပါ တယ်။ ETC အပေါ် စင်ကာပူစတော့အိတ်ချိန်းရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာအရေးယူမှုကို ကျွန်မတို့ ကြိုဆိုပါတယ်၊ မြန်မာစစ်တပ်ကို ETC ရဲ့ ငွေကြေးပေးချေမှုတွေ ရပ်တန့်ပေးဖို့ စင်ကာပူစတော့ အိတ်ချိန်းနဲ့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့ကို မေတ္တာရပ်ခံ တောင်းဆိုပါတယ်။ စင်ကာပူ အစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေနဲ့ ငြှိစွန်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေ အခြေချလုပ်ကိုင်ဖို့ သူတိုရဲ့ နိုင်ငံ့ပိုင်နက်ကို အသုံးပြုနေတာကို မဖြစ်မနေ ရပ်တန့်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Australian Centre for International Justice ၏ အမှုဆောင်ဒါရိုက်တာ Rawan Arraf က
“ကျယ်ကျယ်ပြန့်ပြန့်ပြုစုရေးသားထားတဲ့ ဒီဥပဒေရေးရာမှတ်စုက စင်ကာပူအိတ်ချိန်းနဲ့ စင်ကာပူ အာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာဥပဒေနဲ့ ကမ္ဘာလုံးဆိုင်ရာလိုက်နာရမယ့် စီမံအုပ်ချုပ်မှု အစီအစဉ်အရ သူတို့လိုက်နာရမယ့် တာဝန်တွေကို လေးလေးနက်နက် ဆန်းစစ်ဖို့ လိုအပ်နေတာကို ဖော်ပြထားပါတယ်။ ထိုကိစ္စတွေကို စစ်ဆေးရာမှာ မြန်မာစစ်တပ်နဲ့ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ထိခိုက်နစ်နာမှုတွေကို ထိထိရောက်ရောက် ပြန်လည်ကုစားပေးတဲ့အစီအစဉ်တွေကို အစိတ်အပိုင်း တစ်ရပ်အဖြစ် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အားလုံးခြုံပြောရရင် မြန်မာနိုင်ငံ အတွင်းမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းများအနေနဲ့ သူတို့လုပ်ဆောင်ဖို့တာဝန်ရှိတဲ့ တင်ကြိုကနဦးစိစစ်မှုကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေးလေးနက်နက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊ မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးဆက်နွယ်မှုအားလုံးကို ချက်ချင်း အဆုံးသတ်ဖို့ သူတို့အားလုံးကို စည်းကြပ်စေဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါဥပဒေရေးရာမှတ်စုအရ စင်ကာပူစတော့အိတ်ချိန်းစာရင်းတွင် ETC ဆက်လက်ပါဝင်နေခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတကာဥပဒေကြောင်းအရ ဆွေးနွေးစရာကိစ္စရပ်များတွင် အောက် ပါတို့ ပါဝင်သည်။
● စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လမ်းညွှန်အခြေခံမူများအရ အစိုးရနှင့် ကော်ပိုရိတ်များ၏ တာဝန်ဝတ္တရားများ
● နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များနှင့် ပတ်သက်သည့် ဘေးအန္တရာယ်ဆိုင်ရာတင်ကြိုကနဦးစိစစ်ရေး
● ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်နှင့် ခေတ်သစ်ကျွန်ပြုမှုစနစ်
● နိုင်ငံတကာဆိုင်ရာမလျောကန်သည့်လုပ်ရပ်များအတွက် အစိုးရ၏ တာဝန်ဝတ္တရားများ
● စင်ကာပူ-မြန်မာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ်၏ ဘောင်အပြင်ဘက်တွင် ဖြစ်ပေါ်နေသည့် ပတ်သက်ဆက်နွယ်မှုများ
● လူမျိုးတုန်းသတ်ဖြတ်မှု၊ ဆောက်လုပ်ရေးစာချုပ်များ၊ တရားမနစ်နာမှုများနှင့် မြေယာ အငြင်းပွားမှုများတွင် စီးပွားရေးဆိုင်ရာတာဝန်ရှိမှုအန္တရာယ်များ
● နိုင်ငံတကာဒဏ်ခတ်အရေးယူမှုအန္တရာယ်များဖြစ်သည့် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူကုန်ကူး မှု၊ အကြမ်းဖက်သူများအားငွေကြေးထောက်ပံ့မှုနှင့် ငွေကြေးခဝါချမှုများနှင့် ဆက်နွယ်၍ ပြစ်မှုဆိုင်ရာတာဝန်ရှိမှုအန္တရာယ်များ
● အကျင့်ပျက်ခြစားသည့် တရားရေးမူဘောင်များ၊ လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခြင်းများ ကြောင့် ပေါ်ထွက်လာသည့် အန္တရာယ်များ
● စင်ကာပူနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ကလေးသူငယ်အခွင့်အရေးကာကွယ်ရေး သဘောတူစာချုပ်အား ချိုးဖောက်ရာရောက်နိုင်သည့် အန္တရာယ်များ
● နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ ချိုးဖောက်မှုများ
အဆိုပါတရားရေးရာမှတ်စုကို ACIJ နှင့် Justice For Myanmar တို့က ယနေ့ထုတ်ဝေလိုက်ပြီး၊ ယင်းမှတ်စုကို စင်ကာပူအိတ်ချိန်းလိမိတက်၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၊ Emerging Towns and Cities Singapore Limited နှင့် ETC ၏ စပွန်ဆာကုမ္ပဏီ RHT Capital Pte. Ltd တို့ထံ ပေးပို့ခဲ့ ပြီးဖြစ်သည်။
Nexia ၏ သတင်းအစီရင်ခံစာအနှစ်ချုပ်ကို စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ဝေခဲ့သည်။
ဖီလစ်စီတီဂျယ်ရီကျူစီနှင့် ဒါရီးဂမ်တို့ ရေးသားသည့် ဥပဒေရေးရာမှတ်စုကို ယခုနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
မီဒီယာများဆက်သွယ်ရန်
Australian Centre for International Justice: Rawan Arraf: +61 450 708 870
Justice For Myanmar: media@justiceformyanmar.org
Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!
Website Mirror site X (Twitter) Facebook Telegram