မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် အာဆီယံက ကြံရာပါအားပေးနေမှုများကို ထုတ်ဖော်
JUSTICE FOR MYANMAR
ချစ်ခင်လေးစားရတဲ့ မိတ်ဆွေတို့
Justice For Myanmar သည် အကြမ်းဖက်မြန်မာစစ်တပ်နှင့် အာဆီယံတို့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ အာဆီယံသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ကူညီဖြေရှင်းပေးမည့် အလားအလာရှိကြောင်း တွေ့ရှိရပါသည်။
စုံစမ်းစစ်ဆေးမှုကို ယခုနေရာ တွင် ဖတ်ရှု့ပါ။ ကျွန်ုပ်တို့၏ အွန်လိုင်းသတင်းထုတ်ပြန်ချက်ကို ယခုနေရာ တွင် ကြည့်ရှု့ပါ။
Justice For Myanmar မှ မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား အာဆီယံ၏ အစည်းအဝေးများနှင့် လှုပ်ရှားမှုများအားလုံးမှ ချက်ချင်းဖယ်ထုတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန် တောင်းဆိုထားပါသည်။
အမေရိကန် အပါအဝင် အာဆီယံ၏ ကာကွယ်ရေး မိတ်ဖက်နိုင်ငံများအား မြန်မာစစ်တပ် ပါဝင်သော အာဆီယံ အစည်းအဝေးများနှင့် လှုပ်ရှားမှုများကို သပိတ်မှောက်ရန် ကျွန်ုပ်တို့ တောင်းဆိုထားပါသည်။
လေးစားလျှက်
Justice For Myanmar
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် အာဆီယံက ကြံရာပါအားပေးနေမှုများကို ထုတ်ဖော်
အာဆီယံ၏ အကြမ်းဖက်မြန်မာစစ်တပ်နှင့် ကာကွယ်ရေးနှင့်စစ်ရေး ပူးပေါင်းဆောင်ရွက်နေမှုများသည်
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေခြင်း ဖြစ်နေကြောင်း Justice For Myanmar ၏ စုံစမ်းထောက်လှမ်းသတင်းဆောင်းပါး တစ်စောင်က သုံးသပ်ထားပါသည်။
အာဆီယံသည် ၎င်း၏ ကာကွယ်ရေးအစီအစဉ်တရပ်ဖြစ်သည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ထီးရိပ်ကိုသုံံး၍ အကြမ်းဖက် မြန်မာစစ်တပ်ကို အစည်းအဝေးများ၊ လေ့ကျင့်ရေးသင်တန်းများ၊ ထောက်လှမ်းရေးဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ၊ စစ်လက်နက်ထုတ်လုပ်မှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများနှင့် ပညာရေးကဏ္ဍတို့၌ ပါဝင်တက်ရောက်ရန် ခွင့်ပြုထားကြောင်း Justice For Myanmar က အသေးစိတ်ဖော်ပြထားသည်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM တွင် မြန်မာစစ်တပ်၏ ပါဝင်မှုကြောင့် အကြမ်းဖက် မြန်မာစစ်တပ်သည် ၄င်း၏ စွမ်းဆောင်နိုင်စွမ်းများ တည်ဆောက်ရန်၊ စစ်လက်နက်များ ဝယ်ယူနိုင်ခွင့်ရရန်၊ အခွန်ငွေ အရင်းအမြစ်များအား ရှာဖွေနိုင်ရန်၊ နိုင်ငံတကာတရားဝင်မှုကို ရှာဖွေနိုင်ရန်၊ ဝါဒဖြန့်ချီရေး ရည်ရွယ်ချက်အတွက် အကြောင်းအရာများတည်ဆောက်ရန်နှင့် အာဆီယံအဖွဲ့ဝင်များ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် စစ်ဘက် ဆိုင်ရာ နှစ်ဘက်ဆက်ဆံရေးများ ခိုင်မာအောင် ကြိုးပမ်းရန်တို့ အတွက် ထောက်ပံ့ကူညီမှုများရရှိနေသည်။
အာဆီယံအနေဖြင့် မြန်မာစစ်တပ်က နိုင်ငံတကာလူ့အခွင့်အရေးများနှင့် လူသားချင်းစာနာထောက်ထားမှုဥပဒေတို့ ကို အကြိမ်ကြိမ်ချိုးဖောက်ထားသည်ကို သိရှိလျက်နှင့်ပင် မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်လျက် ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင် အာဆီယံသည် အကြမ်းဖက်မြန်မာစစ်တပ်ကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏လုပ်ငန်းအဖွဲ့ (ADMM Plus EWG-CT) ကို ရုရှားအစိုးရနှင့် ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူစေခြင်းအပါအဝင် ကာကွယ်ရေးကဏ္ဍ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ခွင့်ပြု ထားခဲ့သည်။
အာဆီယံသည် ဒေသတွင်း နိုင်ငံအစိုးရများ၏ အရေးပါသည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ မြန်မာစစ်တပ်၏ ရက်စက် ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ကျူးလွန်မှုများကို ကာကွယ်တားဆီးရန် ကူညီနိုင်ပေသည်။ အာဆီယံအနေဖြင့် ယခုအချိန်အထိ အရေးယူဆောင်ရွက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ရုံသာမက၊ အကြမ်းဖက်မြန်မာစစ်တပ်ကို ပံ့ပိုးမှုများနှင့် တရားဝင်မှုများ ပေးအပ်ခြင်းဖြင့် ယင်းရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်အားပေးလျက်ရှိသည်။
အင်ဒို-ပစိဖိတ်ဒေသတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသော အာဆီယံက ယခုကဲ့သို့ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးများတွင် အကြမ်းဖက်မြန်မာစစ်တပ်ကို ပါဝင်ခွင့်ပေးနေခြင်းကြောင့် အကြမ်းဖက်စစ်တပ် ၏ နိုင်ငံတကာရာဇဝတ်မှုများကို ရပ်တန့်ရန် နိုင်ငံတကာ၏ ပူးပေါင်းအရေးယူဆောင်ရွက်ချက်များကိုလည်း နှောင့်နှေးကြန့်ကြာစေခဲ့ပြီးADMM-Plus အစည်းအဝေးမှတဆင့် ဒေသတွင်း ဒီမိုကရေစီနိုင်ငံများဖြစ်သော ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ နယူးဇီလန်နှင့် အမေရိကန်ပြည်ထောင်စုတို့နှင့် တရားမဝင် စစ်ကောင်စီ၏ ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို အကျိုးဆောင်ကူညီပေးခဲ့သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အာဆီယံအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး တွေ၊ လူသားချင်းစာနာထောက်ထားမှုဥပဒေတွေကို ထိန်းသိမ်းဖို့ လုံးဝပျက်ကွက်ခဲ့ပါတယ်။
“အာဆီယံက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ဆက်ပြီးကျူးလွန်နေတာ၊ တရားမဝင်အာဏာသိမ်းဖို့ ကြိုးပမ်း ခဲ့တာကို ကောင်းကောင်းနားလည်သိရှိပါတယ်။
“အာဆီယံအနေနဲ့ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ ဒီမိုကရေစီ ယုတ်လျော့ပျက်စီးအောင် လုပ်နေ တာတွေနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို မသိပါဘူးဆိုပြီး ငြင်းလို့ မရနိုင်ပါဘူး။
“ယခုအချိန်အထိ အာဆီယံရဲ့ တုန့်ပြန်မှုတွေဟာ အကြမ်းဖက် မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ဆောင်နေတာတွေကို လက်တွေ့ အကူအညီတွေပေး၊ အားပေးအားမြှောက်လုပ်ပြီး ပံ့ပိုးမှုတွေ ပေးနေတာ ဖြစ်ပါတယ်။
“အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်က မြန်မာ့အကြပ်အတည်းကို လုံးဝ မဖြေရှင်းနိုင်ရုံသာမက ဒီအကြပ် အတည်းကို ဖန်တီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့ကိုယ်တိုင် ကြံရာပါပတ်သက်တဲ့ အခြေအနေကို ထိမ်းထား ဖို့ အားပေးနေတာဖြစ်ပါတယ်။
“အာဆီယံအနေနဲ့ လက်ရှိလမ်းကြောင်းကို ချက်ချင်းပြောင်းဖို့၊ တရားမဝင်မြန်မာစစ်ကောင်စီကို ဖယ်ထုတ်ဖို့နဲ့ မြန်မာ့အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။
"အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM-Plus မှာ ပါဝင်ကြတဲ့ နိုင်ငံတွေအနေဖြင့် အာဆီယံရဲ့ နောက်ကွယ်ကနေ ပုန်းလျိုးကွယ်လျိုး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်အားပေးနေတာကို ရပ်တန့်ရမှာ ဖြစ်ပြီး အာဆီယံအစုအဖွဲ့အနေနဲ့ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်မှုကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်။
“US-ASEAN အထူးထိပ်သီးအစည်းအဝေးကို အမေရိကန်ပြည်ထောင်စုက လက်ခံကျင်းပမှာ ဖြစ်တဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့ရဲ့ ဘက်ပေါင်းစုံထိတွေဆက်ဆံမှုကို ရပ်တန့်ဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး အာဆီယံကို မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ အားပေးကူညီ နေတာကို ရပ်တန့်ဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ တရားမဝင်စစ်ကောင်စီ ပူးတွဲဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ ကာကွယ်ရေးဆိုင်ရာ ပင်လယ်ရေကြောင်း လုံခြုံရေးအလုပ်အဖွဲ့အပါအဝင် တရားမဝင်စစ်ကောင်စီပါဝင်တဲ့ အာဆီယံအခမ်းအနားတွေကို သပိတ်မှောက်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။"
အောက်ပါအရေးတကြီး အရေးယူဆောင်ရွက်ချက်များကို Justice For Myanmar က တောင်းဆိုပါတယ်။
အာဆီယံအနေဖြင့်
၁။ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီအား ဖယ်ရှားရန်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် မြန်မာ့ အကြပ်အတည်းကိုဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန်။
၃။ မြန်မာပြည်သူများအပေါ် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန်။
၄။ အာဆီယံ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဘောင်တစ်ရပ်ကို ဖော်ဆောင်ရန်နှင့် အကြမ်းဖက် မြန်မာစစ်တပ်နှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ စစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးပြဌာန်းရန်အတွက် အဖွဲ့ဝင်နိုင်ငံများအား တွန်းအားပေးရန်။
၅။ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဌာန်းနိုင်ရန်၊ မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
ADMM-Plus နိုင်ငံများဖြစ်ကြသည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့်
၁။ မြန်မာစစ်တပ်အား အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ ဖယ်ထုတ်ရန်နှင့် မြန်မာပြည်သူများအပေါ် မြန်မာ စစ်တပ်၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် အာဆီယံအဖွဲ့အပေါ် တောင်းဆိုရန်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု၊ ပံ့ပိုးကူညီရန်နှင့် မြန်မာ့အကြပ်အတည်းကို ဖြေရှင်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု၊ ပံ့ပိုးကူညီရန်နှင့် မြန်မာ့အကြပ်အတည်းကို ဖြေရှင်းရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် အာဆီယံအဖွဲ့အား တိုက်တွန်းတောင်းဆို ရန်။
၄။ မြန်မာစစ်ကောင်စီပါဝင်သည့် အာဆီယံအစည်းအဝေးများနှင့် လှုပ်ရှားမှုများအား သပိတ်မှောက်ရန်။
၅။ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဌာန်းရန်နှင့် မြန်မာစစ်တပ်နှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်။
၆။ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဌာန်းနိုင်ရန်၊ မြန်မာ့အခြေအနေ အား ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
ပိုမိုသိရှိရန်
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် အာဆီယံ၏ ကြံရာပါပတ်သက်မှုအကြောင်း ကျွန်ုပ်တို့၏ သတင်းဆောင်းပါးကို ယခုနေရာ တွင် ဖက်ရှုပါ။
မြန်မာစစ်တပ်နှင့် အာဆီယံ၏ စီးပွားရေးကွင်းဆက်များအကြောင်း စစ်ရာဇဝတ်ဂိုဏ်း၏ ဘဏ္ဍာရေးမြေပုံ ကို ယခုနေရာ တွင် ကြည့်ရှုပါ။
Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!
Website Mirror site X (Twitter) Facebook Telegram