Justice For Myanmar

Archives
Subscribe
August 22, 2021

မြန်မာစစ်တပ်၏ နိုင်ငံတကာစစ်တပ်အားကစားပြိုင်ပွဲ (International Army Games) တွင် ပါဝင်မှုက ၎င်းတို့ကျူးလွန်နေသော လူသားမျိုးနွယ်စုအားဆန့်ကျင်သည့် ရာဇဝတ်မှုအပါအဝင် စစ်ရာဇဝတ်မှု များတွင် ရုရှားနိုင်ငံ ပါဝင်ပတ်သက်မှု ပိုမိုမြင်သာစေသည်။

JUSTICE FOR MYANMAR


သို့

မိတ်ဆွေများ

သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာစစ်တပ်အားကစားပြိုင်ပွဲမှာ အန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ချ်၊ မလေးရှားနဲ့ ဗီယက်နမ် စတဲ့နိုင်ငံတွေက စစ်တပ်များနဲ့အတူ မြန်မာစစ်တပ်ကိုပါ ပါဝင်ဖို့ ဖိတ်ခေါ်ခြင်းဟာ မြန်မာစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုမှာ ရုရှားရဲ့ ပိုပြီးနက်ရှိုင်းတဲ့ ဆက်နွယ်ပတ်သက်နေတာ ဖြစ်ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပါတယ်။

အွန်လိုင်းမှာတင်ထားတဲ့ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ဒီမှာ ကြည့်ပါ။

လေးစားစွာဖြင့်

Justice For Myanmar

မြန်မာစစ်တပ်၏ နိုင်ငံတကာစစ်တပ်အားကစားပြိုင်ပွဲ (International Army Games) တွင် ပါဝင်မှုက ၎င်းတို့ကျူးလွန်နေသော လူသားမျိုးနွယ်စုအားဆန့်ကျင်သည့် ရာဇဝတ်မှုအပါအဝင် စစ်ရာဇဝတ်မှု များတွင် ရုရှားနိုင်ငံ ပါဝင်ပတ်သက်မှု ပိုမိုမြင်သာစေသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။ မြန်မာစစ်တပ်သည် ရုရှားနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံတကာစစ်တပ် အားကစားပြိုင်ပွဲအမျိုးမျိုးတွင် ပါဝင်ဆင်နွဲနေပြီး အဆိုပါပြိုင်ပွဲများသည် မြန်မာစစ်တပ်၏ ရက်စက် ကြမ်းကြုတ်လှသော ရာဇဝတ်မှုများကို ပိုမိုအစွမ်းထက်စွာ ဆက်လက်ကျုးလွန်စေရန် ကျွမ်းကျင်မှုများ ရရှိစေမည်ဖြစ်သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ စီစဉ်သည့် “ပြိုင်ပွဲများ”အပြင် လက်နက်ရောင်း ချမှုနှင့် နည်းပညာ ပူးပေါင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်သည့် နိုင်ငံတကာစစ်ရေးနှင့် နည်းပညာ ဆိုင်ရာ ဖိုရမ် (International Military and Technical Forum, ARMY 2021) လည်းပါဝင်သည်။ အဆိုပါဖိုရမ်တွင် စစ်ဘက်သုံးဥာဏ်ရည်တုနည်းပညာ (artificial intelligence)ကိုလည်း ပြသသွားမည် ဟု သိရပါသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် စတင်မည့် အဆိုပါ နိုင်ငံတကာစစ်တပ်အားကစားပြိင်ပွဲသည် မြန်မာစစ်တပ် မှ ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သော “နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး” စတင် သည့် (၄) နှစ်မြောက်နှစ်ပတ်လည်နေ့ ဩဂုတ်လ ၂၅ ရက်နှင့် လည်း တိုက်ဆိုင်နေသည်။

မြန်မာစစ်တပ်ပါဝင်ယှဉ်ပြိုင်မည့် စစ်တပ်အားကစားပြိုင်ပွဲများတွင် တင့်ကားစွမ်းရည်ပြိုင်ပွဲ (tank biathlon၊ တိုက်ရေယာဉ်စွမ်းရည်ပြိုင်ပွဲ (sea cup)၊ လက်ဖြောင့်စွမ်းရည်ပြိုင်ပွဲ (sniper frontier)၊ လေကြောင်းချီတပ်စွမ်းရည်ပြိုင်ပွဲ (airborne platoon) နှင့် စစ်တပ်ယဉ်ကျေးမှု (army of culture) တို့ပါဝင်သည်။ အဆိုပါပြိုင်ပွဲများသည် မြန်မာစစ်တပ်၏သတ်ဖြတ်မှုစွမ်းရည်ကို ပိုမိုမြှင့်တက်စေမည့် အပြင်အရေးယူအပြစ်ပေးခံရခြင်းလုံး၀မရှိဘဲ ပြည်သူများအားတရားလက်လွတ် ဆက်လက်သတ်ဖြတ် နေစေမည်ဖြစ်သည်။ စစ်တပ်အားကစားပြိုင်ပွဲသည် မြန်မာစစ်အာဏာရှင်အတွက် ဘက်စုံစစ်ရေး ပူးပေါင်းဆောင်ရွက်ရေးစင်္ကြန်ဖြစ်လာသည့်အပြင် ဖေဖော်ဝါရီ(၁)ရက်နေ့ တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း နိုင်ငံတကာတွင် ဝင်ဆန့်ရန် ကြိုးပမ်းခွင့်ကို ရရှိစေသည်။

ဥပမာအားဖြင့် - လက်ဖြောင့်စွမ်းရည်ပြိုင်ပွဲ (Sniper Frontier) ၏ ရည်ရွယ်ချက်များတွင် “နိုင်ငံများ အကြား အပြည်ပြည်ဆိုင်ရာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ လက်ဖြောင့်တပ်ဖွဲ့များ လေ့ကျင့်မှု အဆင့်တန်းမြှင့်တင်ခြင်း၊ လက်ဖြောင့်တပ်သားလှုပ်ရှားဆောင်ရွက်မှုသင်ယူခြင်း၊ လိုက်နာရမည့်နည်းလမ်းများ၊ လေ့ကျင့်ရေးနည်းလမ်းများ၊ အတွေ့အကြုံဖလှယ်ခြင်းနှင့် စစ်မှုထမ်း ဘ၀ကို ဂုဏ်ယူမှုမြှင့်တင်ခြင်း” တို့ပါဝင်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်က နိုင်ငံအနှံ အကြမ်းဖက်မှုတွေဆက်ဆိုက်ကျုးလွန်နေပြီး ကိုဗစ်၁၉ရောဂါကို လက်နက်သဖွယ်အသုံးချ နိုင်ငံရေး အမြတ်ထုတ်နေတဲ့ အခြေအနေမျိုးမှာ ရုရှားရဲ့ စစ်တပ်အားကစားပြိုင်ပွဲကိုပါဝင်ဖို့ ဖိတ်ခေါ်တာက ရုရှားအနေနဲ့ မြန်မာစစ်တပ်နဲ့ ပိုပြီးနက်ရှိုင်းတဲ့ ဆက်နွယ်ပတ်သက်မှု အသစ်လို့ပြောနိုင်ပါတယ်။ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်တာ၊ လေ့ကျင့်ပေးတာနဲ့ လက်နက်ရောင်းချတာတွေကလည်း မြန်မာစစ်တပ်က ကျုးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ထောက်ပံ့ပြီး အားပေးအားမြှောက် လုပ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်စုအပေါ်ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေမှာ ရုရှားရဲ့ပါဝင်ပတ်သက်မှုအဆုံးသတ်ဖို့အတွက် ကမ္ဘာလုံး ဆိုင်ရာ လက်နက်ရောင်းချမှုတားဆီးပိတ်ပင်ရေးကို ချက်ချင်းအကောင်ထည်ဖော်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်မတို့တောင်းဆိုပါတယ်။ စစ်တပ်အားကစားပြိုင်ပွဲမှာ မြန်မာစစ်တပ်ကို ပါဝင် စေတာဟာ မြန်မာပြည်သူတွေကို နေ့စဉ်သတ်ဖြတ်ပြီး အာဏာဖြန့်ကျက်ဖို့ အတောမသတ် ကြိုးပမ်း နေတဲ့ တရားမဝင် စစ်အာဏာရှင်ကို မြှောက်ပေးနေတာပဲဖြစ်ပါတယ်။ ဒါက မြန်မာပြည်သူတွေအတွက် “အားကစားပြိုင်ပွဲ” တစ်ခုမဟုတ်ပါဘူး”

မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံမှ “အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ခြင်း” အပါဝင် အချက် (၅) ချက်ကို သဘောတူညီခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းမှထောက်ခံအားပေးသည့် နိုင်ငံများသည် ရုရှားတွင်ကျင်းပပြုလုပ်သည့် စစ်တပ်အားကစားပြိင်ပွဲတွင် မြန်မာစစ်တပ်နှင့်အတူ ပါဝင်နေသည်ကို တွေ့ရပါသည်။ ပြိုင်ပွဲတွင်ပါဝင်သည့် နိုင်ငံများတွင် တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ အီန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပြင် အစ္စရေးနှင့် ဥရောပနိုင်ငံများဖြစ်သည့် ဂရိ၊ ဆိုက်ပရပ်စ် တို့ပါဝင်ကြသည်။

မရတနာမောင်မှ ဆက်လက်၍ *“ဒီပြိင်ပွဲမှာ မြန်မာစစ်တပ်နဲ့ အတူပါဝင်နေတဲ့ အာဆီယံနိုင်ငံအချို့နဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံတွေကိုတော့ သူတို့ပြောထားတဲ့အတိုင်း မြန်မာပြည်သူတွေရဲ့ အကျိုး စီးပွားနဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ ကြားဝင်ဆောင်ရွက်မယ်ဆိုတာ အမှန်တကယ် ဟုတ်ရဲ့လား ဆိုတာ မေးခွန်းထုတ်ပါတယ်။ တဆက်တည်းမှာပဲ မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေနဲ့ အဓမ္မ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပဋိပက္ခအခြေအနေကို ကုလသမ္မဂ္ဂကနေ အရေးပေါ် ကြားဝင်ဆောင်ရွက်ပေးဖို့ ကျွန်မတို့တောင်းဆိုပါတယ်။” *

စစ်တပ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ပါဝင်မှုအတွက် ကုန်ကျစားရိတ်ကို မထုတ်ပြန်သော်လည်း အလွန်များပြားမည်ဖြစ်သည်။ ထိုကုန်ကျစားရိတ်များသည် ကိုဗစ် ၁၉ ရောဂါအလျင်အမြန်ပြန့်နှံမှုနှင့် အပြင်းအထန်ဖိနှိပ်ခံနေရသည့်တိုင် စစ်အာဏာသိမ်းမှုကို အန်တုမှုကြောင့်ဖြစ်ပေါ်လာသည့် လူသားခြင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးဒဏ်ခံ ပြည်သူများမှ ကျခံပေးရခြင်းဖြစ်သည်။ အကုန်ကျအများဆုံးပြိုင်ပွဲတစ်ခုမှာ တိုက်ရေယာဉ်စွမ်းရည်ပြိုင်ပွဲ “Sea Cup” ဖြစ်ပြီး မြန်မာ့ရေတပ် စစ်သင်္ဘောကိုရုရှား၏ ပစိဖိတ်ရေတပ်အခြေစိုက်စခန်းတည်ရှိရာ ဗလာဒီဗိုစတော့မြို့အထိ ယူဆောင် ရခြင်းကြောင့် ဖြစ်သည်။


Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!

Website   Mirror site   X (Twitter)   Facebook   Telegram


Don't miss what's next. Subscribe to Justice For Myanmar:
← Newer Ukraine arms transfers to Myanmar are enabling the junta’s terror Older → More proof of Russian complicity in Myanmar war crimes and crimes against humanity as Myanmar military joins International Army Games
Powered by Buttondown, the easiest way to start and grow your newsletter.