Justice For Myanmar

Archives
Subscribe
March 2, 2021

Justice For Myanmar က ဒစ်ဂျစ်တယ် နောက်ယောင်ခံမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့၏ အသေးစိတ်အချက် အလက်များကို ထုတ်ဝေလိုက်သည်။

JUSTICE FOR MYANMAR


လေးစားရပါသော မီဒီယာမိတ်ဆွေများ

ပြည်ထဲရေးဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ဝယ်ယူခဲ့သည့် ဒစ်ဂျစ်တယ် နောက်ယောင်ခံနည်းပညာနှင့် ဆက်စပ်နည်းပညာများ၏ အသေးစိတ်အချက်အလက်များနှင့် Elbit Systems (အစ္စရေးနိုင်ငံ) က ထုတ်လုပ်သည့် စစ်ဘက်ဆိုင်ရာ နောက်ယောင်ခံစုံစမ်းထောက်လှမ်း ဒရုန်းများ ပြင်ဆင်ပြုပြင်မှု အတွက် အဆိုပြုလွှာ၏ အသေးစိတ်အချက်အလက်များကို JFM က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို JFM ၏ ဝဘ်ဆိုဒ် ယခုနေရာတွင် ကြည့်ရှုပါ။ JFM ၏ ပုံတူဝဘ်ဆိုဒ် ယခုနေရာတွင် ကြည့်ရှုပါ။ New York Times သတင်းစာ၏ သတင်းဆောင်းပါးဖြစ်သော Myanmar’s Military Deploys Digital Arsenal of Repression in Crackdown ကိုလည်း ဖက်ရှုပါ။

လေးစားစွာဖြင့် Justice For Myanmar

Justice For Myanmar က ဒစ်ဂျစ်တယ် နောက်ယောင်ခံမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့၏ အသေးစိတ်အချက် အလက်များကို ထုတ်ဝေလိုက်သည်။

JFM က ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့မှု တောင်းဆိုချက်ကို ထပ်မံတောင်းဆိုသည်။

၂၀၂၁ ခုနှစ် မတ်လ ၂ ရက်၊ ရန်ကုန်။ Justice For Myanmar သည် ဒစ်ဂျစ်တယ် နောက်ယောက်ခံခြင်းနှင့် ဖိနှိပ်ခြင်းများအတွက် အသုံးပြုသော နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များကို ယနေ့ ထုတ်ပြန်လိုက် သည်။ ယင်းအသေးစိတ်အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ ဘတ်ဂျတ်စာရွက်စာတမ်းများနှင့် Elbit Systems မောင်းသူမဲ့လေယာဉ် ပြင်ဆင်မှုများအတွက် အဆိုပြုလွှာတစ်ခုတွင် တွေ့ရှိခဲ့သည်။ ဘတ်ဂျက်ဆိုင်ရာစာရွက်စာတမ်းများကို ဆန်းစစ်ရာတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂-၂၁ ဘဏ္ဍာရေးနှစ်အထိ ဆန်းစစ်ထားသည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်သည်။ မြန်မာစစ်တပ်သည် မြန်မာရဲတပ်ဖွဲ့ သို့မဟုတ် အထူးစုံစမ်းစစ်ဆေးရေးဗျူရိုသို့ လွှဲပြောင်းသော မည်သည့် နည်းပညာကိုမဆို အကန့်အသတ်မရှိ လက်လှမ်းမီပြီး ဖေဖော်ဝါရီလ ၁ ရက် တရားမဝင် အာဏာသိမ်းယူခဲ့သည့် နောက်မှစ၍ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝယ်ယူသော နည်းပညာကို အကန့်အသတ်မရှိ လက်လှမ်းမှီ သွားခဲ့သည်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က *“ဒီဘတ်ဂျက်ဖိုင်တွေက မြန်မာစစ်တပ်နဲ့ သူ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ သူတို့ရဲ့ နောက်ယောင်ခံ နည်းပညာတွေနဲ့ ဖိနှိပ်တဲ့ ကိရိယာတွေအတွက် အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုကို ဆက်လက်ရှာဖွေနေရတယ်ဆိုတာကို ပြနေတယ်။ စစ်တပ်ဟာ အဲဒီကိရိယာတွေကိုသုံးပြီး ဒီမိုကရေစီကို ပြန်ရဖို့အတွက် အသက်တွေ စတေးပြီး စစ်အုပ်စုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို ဖြိုခွဲဖို့နဲ့ ဆန္ဒပြရာမှာ သူတို့အခွင့်အရေးကို ကျင့်သုံးနေတဲ့ သတင်းထောက်တွေကို ဖယ်ရှားဖို့ အခု အသုံးပြုနေတယ်။ ဒီပစ္စည်းတွေဟာ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးတွေဖြစ်ပြီး စစ်အုပ်စုက လူသားမျိုးနွယ် ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပြီး အရပ်သားထိန်းချူပ်မှု အောက်မှာ အပြစ်ပေးအရေးယူခံရမှုက ကင်းလွတ်ခွင့်ရထားတဲ့ အချိန်မှာ ရောင်းချပေးထားတာဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာစစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိနေခြင်းအားဖြင့်၊ မြန်မာစစ်တပ်ကို လက်နက်ဝယ်ယူခွင့်တွေ ခွင့်ပြုပေးခြင်းအားဖြင့်၊ ၎င်းတို့ရဲ့ ချစားနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့် ပြုထားခြင်းအားဖြင့် အမှားကြီးတစ်ခုကို ပြုလုပ်ခဲ့ပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ် မှုစစ်ဆင်ရေးကျူလွန်ခဲ့ချိန်မှာလည်း တိကျပြတ်သားစွာအရေးယူရန်လည်း ပျက်ကွက်ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခုအချိန်မှာ မြန်မာပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ကို အပြည့်အဝ ယူရမယ့်အချိန် ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ တရားမဝင်တဲ့ စစ်အာဏာသိမ်းမှုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေ သူတွေကို ရည်ရွယ်ချက်ရှိရှိ အညှာအတာ ကင်းမဲ့စွာနဲ့ အကြမ်းဖက်မှုကို အလွန်အကျွံအသုံးပြုနေတာကို တုန့်ပြန်တဲ့ အနေနဲ့ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုနဲ့ ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့မှုကို ချက်ချင်း လုပ်ရမယ့် အချိန်ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဘတ်ဂျက် စာရွက်စာတမ်းများက အစ္စရေး၊ အမေရိကန်ပြည်ထောင်စု၊ UK ၊ ကနေဒါနဲ့ အီးယူတို့ထံမှ နောက်ယောင်ခံ နည်းပညာများ ဝယ်ယူမှုကို အသေးစိတ် ဖော်ပြနေသည်။ အချို့ဖြစ်ရပ်များတွင် ဝယ်ယူမှုများသည် အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်နေသည်။ ပါဝင်ငြိစွန်းနေသည့် စီးပွားရေးလုပ်ငန်းများတွင် အစ္စရေးနိုင်ငံမှ Cellebrite and Elbit Systems၊ အမေရိကန်ပြည်ထောင်စုမှ DataWalk ၊ TCI ၊ AVA ၊ BlackBag Technologies၊ X1 နှင့် Vmware ၊ ကနေဒါနိုင်ငံမှ OpenText နှင့် ဆွီဒင်နိုင်ငံမှ MSAB တို့ ပါဝင်သည်။

ရတနာမောင်က ”မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို နည်းပညာပေးတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးအနေနဲ့ ဆော့ဝဲလ်တွေကို ပိတ်တာ နှင့် ထိန်းသိမ်းမှု၊ အစိတ်အပိုင်းတွေနဲ့ ပံ့ပိုးမှုတွေကို ငြင်းပယ်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေအားလုံးနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်တပ်ကို ဆုံးဖြတ်ချက်ခိုင်ခိုင်နဲ့ အခိုင်အမာ အရေးယူခဲ့မယ်ဆိုရင် အဲဒီ ချိုးဖောက်ကျူးလွန်သူတွေဟာ သင်ခန်းစာ ရသွားမှာဖြစ်ပြီး ဒီရက်စက်တဲ့ အာဏာသိမ်းမှုကို ရှောင်ရှားနိုင်ခဲ့မှာ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

အရင်းအမြစ် စာရွက်စာတမ်းများအား New York Times သို့ ပေးပို့ထားပြီး New York Times အနေဖြင့် ပါဝင်ငြိစွန်းနေသည့် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးခဲ့သည်။

အယ်ဒီတာများအတွက် မှတ်ချက်။ စီးပွားရေး လုပ်ငန်းများနှင့် ဘတ်ဂျတ်လုပ်ထားသော ပစ္စည်းများ အသေးစိတ်ကို Justice For Myanmar ဝက်ဘ်ဆိုဒ် https://www.justiceformyanmar.org/stories/tools-of-digital-repression တွင် ကြည့်ပါ။ New York Time သတင်း Myanmar’s Military Deploys Digital Arsenal of Repression in Crackdown ကို https://www.nytimes.com/2021/03/01/world/asia/myanmar-coup-military-surveillance.html တွင် ကြည့်ပါ။

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

ဆုံး

ထပ်မံသိရှိလိုပါက - ရတနာမောင်

အီးမေးလ် - [email protected]

ဝဘ်ဆိုဒ် - https://www.justiceformyanmar.org/

ပုံတူဝဘ်ဆိုဒ် - https://justiceformyanmar.github.io/justiceformyanmar.org/

တွစ်တာ - @justicemyanmar

ဖေ့ဘုတ် - https://www.facebook.com/justiceformyanmar.org/


Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!

Website   Mirror site   X (Twitter)   Facebook   Telegram


Don't miss what's next. Subscribe to Justice For Myanmar:
← Newer Hilton Hotels Corp and PTT Oil and Retail (PTTOR) in business with Myanmar military cartel Older → Justice For Myanmar publishes details of Myanmar’s tools of digital surveillance and repression
Powered by Buttondown, the easiest way to start and grow your newsletter.