JFM: 3 years into the fight for justice for the people of Myanmar / မြန်မာပြည်သူတွေ တရားမျှတမှုရရှိရေးအတွက် JFM တိုက်ပွဲဝင်ခဲ့တာ (၃) နှစ်ပြည့်ပြီ
JUSTICE FOR MYANMAR
အောက်တွင်မြန်မာဘာသာဖြင့် ဖော်ပြထားပါသည်။
Justice For Myanmar: 3 years into the fight for justice for the people of Myanmar
Three years ago, following the genocide against the Rohingya, we formed Justice For Myanmar to strategically dismantle the Myanmar military cartel for justice and accountability for the people. This mission became even more urgent after the military cartel attempted an illegal coup in February of 2021. Since then, we’ve worked tirelessly to support the Spring Revolution and dismantle the military by exposing the networks of businesses that supply it with arms and funds, pressuring businesses to suspend payments or divest, calling for sanctions, and disrupting the military’s attempts to gain international legitimacy.
It may be a long and difficult fight, but there is much reason to hope. Even as the military continues to terrorise the people of Myanmar, the people continue to courageously resist and advance the collective fight to bring down this cartel.
Whoever and wherever you are, you can join the fight.
Boycott any products with ties to the Myanmar military. Pressure companies to cut ties with the military by writing to them directly, or—better yet—pressuring them publicly on social media or in the streets. Call on banks and pension funds to divest of any dealings that directly or indirectly benefit the Myanmar military. And call on governments to sanction the Myanmar military and the businesses fuelling its brutality, corruption and international crimes.
Here’s what we and our allies have accomplished so far:
Disrupting financial support to the military cartel
Targeted sanctions have been imposed by Canada, US, UK, EU and Australia on the two major conglomerates run by the military, as well as on junta members and institutions financing its campaign of terror.
Major cronies have been sanctioned by Canada, EU, US, UK and EU.
Prominent Singapore investor Lim Kaling has exited from the military’s tobacco monopoly, Virginia Tobacco, manufacturer of Red Ruby cigarettes.
The Singapore Exchange took regulatory action against the real estate developer Emerging Towns and Cities Singapore for leasing land from the army, and it has suspended trading.
POSCO C&C announced an end to their joint venture with a Myanmar military conglomerate.
IFC divested from Yoma Bank and ANZ pulled out of Myanmar after many transactions with a military-owned bank were revealed.
AFRY announced it is ending operations in Myanmar, after working to support the junta to develop hydropower dams.
Électricité de France suspended the development of the Shweli-3 hydropower dam.
Coda Payments and Fortumo, direct carrier billing businesses, and power provider Voltalia, cut ties with Mytel, a major telecom company operated as a joint venture between the military and Viettel.
Breaking the military’s supply of arms, equipment and jet fuel
Some key arms brokers have been sanctioned by the US, UK, EU and Canada, including those operating in Singapore.
Our collaboration exposing jet fuel linkages helped catalyse a Canadian ban on jet fuel and UK, US and EU sanctions on Asia Sun Group of Companies.
Applications for criminal investigations into Israeli government officials and arms companies have been filed with the Attorney General, seeking accountability for arms transfers to the Myanmar military.
Korean authorities launched an investigation into POSCO International’s illegal transfer of a warship to the Myanmar navy.
The military’s public launch of a website and apps for Myanmar Radio and Television was disrupted. MRTV is a weapon in the junta’s propaganda arsenal, which they use to spread hate speech and disinformation.
The Myanmar military has been blocked from accessing a Japanese micro-satellite.
Blocking the junta’s attempts to gain international legitimacy
Links between Min Aung Hlaing’s children and Tun Min Latt, a key crony arms dealer arrested on charges of money laundering and narcotics, were exposed, revealing Min Aung Hlaing’s family connection to organised crime.
The USA, Australia, New Zealand, South Korea and Japan have boycotted ASEAN Defence Ministers’ Meetings led by the junta.
The Myanmar junta’s invitation to Switzerland’s Global Partnership for Effective Development Cooperation was revoked.
Fighting this cartel isn’t easy, but we can do it together.
JFM team
မြန်မာပြည်သူတွေ တရားမျှတမှုရရှိရေးအတွက် Justice For Myanmar တိုက်ပွဲဝင်ခဲ့တာ (၃) နှစ်ပြည့်ပြီ
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနောက်ပိုင်း လွန်ခဲ့တဲ့ ၃ နှစ်၊ ဒီလိုနေ့မှာ မြန်မာပြည်သူတွေ အတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေဖို့ မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို မဟာဗျူဟာကျကျ ဖြိုချ ဖျက်သိမ်းရေးအတွက် Justice For Myanmar ကို ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာစစ်ရာဇဝတ်ဂိုဏ်းက တရားမဝင်အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့အခါမှာတော့ စစ်ရာဇဝတ်ဂိုဏ်း ဖြိုချဖျက်သိမ်းရေးမစ်ရှင်ကို အရေးတကြီး အားစိုက် ဆောင်ရွက်ဖို့ ဖြစ်လာပါတယ်။ အဲ့ဒီအချိန်ကစပြီး စစ်ရာဇဝတ်ဂိုဏ်းကို စစ်လက်နက်နဲ့ ဘဏ္ဍာငွေတွေပံ့ပိုးနေတဲ့ စီးပွားရေးကွန်ရက်တွေကို စုံစမ်းဖော်ထုတ်တာ၊ စစ်ရာဇဝတ်ဂိုဏ်းဆီ အခွန်ငွေ ပေးဆောင်မှုတွေကို ဆိုင်းငံ့ဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းထွက်ခွာဖို့ စီးပွားရေးလုပ်ငန်းတွေကို ဖိအားပေးတာ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ တောင်းဆိုတာ၊ နိုင်ငံတကာတရားဝင်မှုရရှိဖို့ စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်ဟန့်တားတာတွေ တစိုက်မတ်မတ် မဆုတ်မနစ် လုပ်ဆောင်ခဲ့ပြီး နွေးဦးတော်လှန်ရေးကို အထောက်အပံ့ ပြုခဲ့ပါတယ်။
တိုက်ပွဲက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းမှာပါ။ သို့ပေမယ့် အောင်ပွဲကို မျှော်လင့်နိုင်တဲ့ အကျိုးအကြောင်းတွေ များစွာရှိနေပါပြီ။ တရားမဝင်စစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်နေ ပေမယ့်၊ ပြည်သူလူထုတစ်ရပ်လုံးက သတ္တိပြောင်စွာ ဆက်လက်ဆန့်ကျင်နေပြီး၊ ဒီစစ်ရာဇဝတ်ဂိုဏ်းကို ဖြိုချဖျက်သိမ်းဖို့ စုရုံးတိုက်ပွဲပုံစံနဲ့ ဆက်လက်ချီတက်နေကြပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဘယ်လိုလူဖြစ်ဖြစ်၊ ဘယ်နေရာမှာ ရှိရှိ၊ ဒီတိုက်ပွဲမှာ ပါဝင်နိုင်ပါတယ်။
မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်မှန်သမျှ သပိတ်မှောက်ပါ။ ကုမ္ပဏီတွေကို စစ်တပ်နဲ့ ပတ်သက် ဆက်ဆံတာတွေ ရပ်ဆိုင်းဖြတ်တောက်ဖို့ တိုက်ရိုက်စာရေးသားတာဖြစ်ဖြစ်၊ အခုအချိန်အထိ သင့်လျော် ကောင်းမွန်နေဆဲနည်းလမ်းဖြစ်တဲ့ လူမှုကွန်ရက်ပေါ် ဒါမှမဟုတ် လမ်းမတွေပေါ်မှာ လူသိရှင်ကြား တောင်းဆိုပြီး ဖြစ်ဖြစ် ဖိအားပေးပါ။ မြန်မာစစ်တပ်အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အကျိုးဖြစ်စေမယ့် စီးပွားရေးလုပ်ငန်း မှန်သမျှကနေ နုတ်ထွက်ဖို့ ဘဏ်တွေနဲ့ ပင်စင်ရန်ပုံငွေတွေကို တောင်းဆိုပါ။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ စစ်တပ်ကကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို လောင်စာဖြည့်ပံ့ပိုးပေးနေတဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အစိုးရတွေကို တောင်းဆိုပါ။
ဒီနေ့အချိန်အထိ ကျွန်ုပ်တို့နဲ့ မိတ်ဖက်တွေ အတူတကွ လုပ်ဆောင်ပြီးမြောက်ခဲ့တာတွေကို အောက်မှာ ဖော်ပြ လိုက်ပါရစေ။
စစ်ရာဇဝတ်ဂိုဏ်းကို ငွေကြေးပံ့ပိုးမှုတွေကို ဟန့်တားတာ
စစ်တပ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုအပြင်၊ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးကို ငွေကြေးပံ့ပိုးနေတဲ့ အဖွဲ့အစည်းတွေအပေါ် ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူနဲ့ ဩစတြေးလျနိုင်ငံတို့က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။
အရေးပါတဲ့ ခရိုနီကြီးတွေအပေါ် ကနေဒါ၊ အီးယူ၊ အမေရိကန်ပြည်ထောင်စုနဲ့ ယူကေတို့က ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။
Red Ruby စီးကရက်ကိုထုတ်လုပ်သူ၊ ထင်ရှားတဲ့ စင်ကာပူရင်းနှီးမြှုပ်နှံသူ Lim Kaling ဟာ စစ်တပ်ရဲ့ ဆေးရွက်ကြီးလုပ်ငန်းဖြစ်တဲ့ Virginia Tobacco ကနေ နုတ်ထွက်ခဲ့ပါတယ်။
စင်ကာပူစတော့အိတ်ချိန်းက အိမ်ခြံမြေလုပ်ငန်းဖြစ်တဲ့ Emerging Towns and Cities Singapore ကို စစ်တပ်ဆီက မြေငှားရမ်းမှုအတွက် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပြီး၊ စတော့အိတ်ချိန်းကနေ ရပ်ဆိုင်းထားပါတယ်။
POSCO C&C က မြန်မာစစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုနဲ့ တွဲလုပ်တဲ့ ဖက်စပ်လုပ်ငန်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။
စစ်တပ်ပိုင် ဘဏ်တစ်ခုနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ဖော်ထုတ်ခံရပြီးနောက် ရိုးမဘဏ်ကနေ IFC နုတ်ထွက် ခဲ့ပြီး၊ ANZ လည်း မြန်မာပြည်ကနေ ထွက်ခွာခဲ့ပါတယ်။
AFRY က ရေအားလျှပ်စစ်ရေကာတာတွေ တည်ဆောက်ဖို့ စစ်အုပ်စုအတွက် ပံ့ပိုးကူညီမှုတွေ လုပ်ဆောင် ပြီးနောက် မြန်မာနိုင်ငံထဲက လုပ်ငန်းတွေကို ရပ်ဆိုင်းမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Électri.cité de France က ရွှေလီ - ၃ ရေအားလျှပ်စစ်ရေကာတာစီမံကိန်းကို ရပ်ဆိုင်းခဲ့ပါတယ်။
မိုဘိုင်းငွေပေးဆောင်ခြင်းလုပ်ငန်းဖြစ်တဲ့ Coda Payments and Fortumo, လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း Voltalia တို့က စစ်တပ်နဲ့ Viettel တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ တယ်လီကွန်း ကုမ္ပဏီ မိုင်တဲလ်နဲ့ လုပ်ငန်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။
စစ်တပ်ရဲ့ စစ်လက်နက်၊ စက်ပစ္စည်းနဲ့ လေယာဉ်ဆီထောက်ပံ့မှုကို ဖြတ်တောက်တာ
စင်ကာပူနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေကြသူတွေအပါအဝင် အဓိကစစ်လက်နက်ပွဲစားအချို့ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီး ဖြစ်ပါတယ်။
လေယာဉ်ဆီလမ်းကြောင်းကို ဖော်ထုတ်တဲ့ ကျွန်ုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ကနေဒါနိုင်ငံရဲ့ လေယာဉ်ဆီရောင်းချမှုပိတ်ပင်ရေးပြဌာန်းချက်၊ Asia Sun Group of Companies အပေါ် ယူကေ၊ အမေရိကန်ပြည်ထောင်စုနဲ့ အီးယူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
မြန်မာစစ်တပ်ဆီ စစ်လက်နက်လွှဲပြောင်းရောင်းချမှုတွေအတွက် တာဝန်ခံမှုရရှိဖို့ အစ္စရေးအစိုးရ အရာရှိတွေနဲ့ စစ်လက်နက်ကုမ္ပဏီတွေအပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အစ္စရေးရှေ့နေချုပ်နဲ့အတူ တိုင်ကြားချက်တွေ ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာ့ရေတပ်ဆီ စစ်သင်္ဘောတစ်စင်း တရားမဝင် လွှဲပြောင်းရောင်းချမှုအတွက် POSCO International ကို ကိုရီးယားအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။
MRTV app နဲ့ ဝဘ်ဆိုဒ် ဖွင့်လှစ်ဖို့ စစ်တပ်က လုပ်ဆောင်မှုကို ဟန့်တားခဲ့ပါတယ်။ MRTV ဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးလက်နက်တိုက်က လက်နက်တစ်မျိုး ဖြစ်ပြီး၊ အမုန်းစကားတွေနဲ့ သတင်းမှားတွေ ထုတ်လွှင့်ဖြန့်ဝေဖို့ အသုံးပြုခဲ့ပါတယ်။
မြန်မာစစ်တပ်ကို ဂျပန် ဂြိုလ်တုအသေးတစ်ခု သုံးစွဲခွင့်ရနေတာကနေ ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံတကာတရားဝင်မှုရရှိရေး စစ်အုပ်စု ကြိုးပမ်းမှုတွေကို ပိတ်ပင်တာ
ငွေကြေးခဝါခြမှု၊ မူးယစ်ဆေးဝါးရောင်းချမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူ အရေးပါတဲ့ စစ်လက်နက်ပွဲစား ခရိုနီထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်ရဲ့ သားသမီးတွေကြား ဆက်နွှယ်မှုတွေကို ဖော်ထုတ်ခဲ့ပြီး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ မင်းအောင်လှိုင်ရဲ့ မိသားစုတို့ ပတ်သက်မှုတွေကို ဖော်ထုတ်ခဲ့ပါတယ်။
စစ်အုပ်စု ဦးဆောင်တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွေကို အမေရိကန် ပြည်ထောင်စု၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတို့က သပိတ်မှောက်ခဲ့ ကြပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ Global Partnership for Effective Development Cooperation သို့ မြန်မာစစ်တပ်ကို ဖိတ်ကြားရာကနေ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။
ဒီစစ်ရာဇဝတ်ဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ချေမှုန်းရတာဟာ မလွယ်ကူလှပေမဲ့ ကျွန်ုပ်တို့ အတူတကွ တိုက်ခိုက်ချေမှုန်းကြမယ်ဆိုရင်တော့ အောင်ပွဲရမှာ မလွဲမသွေပါ။
JFM team
Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!
Website Mirror site X (Twitter) Facebook Telegram