Justice For Myanmar

Archives
Subscribe
July 5, 2021

စစ်တွေဆိပ်ကမ်း လုပ်ငန်းရှင် ခန့်အပ်ခြင်းအပေါ် JFM တုန့်ပြန် - ဒီမိုကရေစီရရှိချိန်အထိ စီမံကိန်းကို ချက်ချင်းရပ်ဆိုင်းထားရန် တောင်းဆို

JUSTICE FOR MYANMAR


လေးစားခင်မင်ရသူ အပေါင်းတို့ရေ

လက်တလော ဖွံ့ဖြိုးရေးစီမံကိန်းများထဲက စစ်တွေဆိပ်ကမ်းနဲ့ပတ်သက်ပြီး JFM က အောက်ဖော်ပြပါ ထုတ်ပြန်ချက်နဲ့အတူ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

လေးစားစွဖြင့် Justice For Myanmar

စစ်တွေဆိပ်ကမ်း လုပ်ငန်းရှင် ခန့်အပ်ခြင်းအပေါ် JFM တုန့်ပြန်

ဒီမိုကရေစီရရှိချိန်အထိ စီမံကိန်းကို ချက်ချင်းရပ်ဆိုင်းထားရန် တောင်းဆို

၅ ဇူလိုင်၊ ၂၀၂၁၊ မြန်မာ - စစ်တွေဆိပ်ကမ်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ လက်တလော ကြေညာချက်များအပေါ် တုန့်ပြန်မှုအနေဖြင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ချက်ချင်းရပ်ဆိုင်းထားရန် Justice For Myanmar မှ တောင်းဆိုလိုက်သည်။ အိန္ဒိယအစိုးသည် စစ်တွေဆိပ်ကမ်း တည်ဆောက်ရန်နှင့် လုပ်ငန်းလည်ပတ်ရန် စာချုပ်တစ်ရပ်ကို Bharat Freight Group ၏ လက်ဝေခံကုမ္ပဏီ A to Z EXIM Private Limited သို့ ပေးအပ်ခဲ့ကြောင်း the Hindu Business Line သတင်းစာက ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ရေးသား‌ ဖော်ပြခဲ့သည်။ ယခုစာချုပ်ပေးအပ်ခြင်း မတိုင်မီ စစ်တွေဆိပ်ကမ်း နှင့် ကုလားတန်မြစ်တို့တွင် သဲသောင်တူးခြင်း လုပ်ငန်းအတွက် တင်ဒါတစ်ရပ်ကို ခေါ်ယူခဲ့ပြီး၊ ယင်းတင်ဒါ ခေါ်ယူမှုတွင် လူသိများထင်ရှားသော Knowledge Marine and Engineering Works Limited (KMEW) ကုမ္ပဏီသည် တစ်ခုတည်းသော ဝင်ရောက်ယှဉ်ပြိုင်သူ ဖြစ်ခဲ့သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာနိုင်ငံမှာ ရက်စက်ယုတ်မာတဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့ ပုံမှန်အတိုင်း စီးပွားရေး ဆက်လုပ်နေတဲ့အတွက် အိန္ဒိယအစိုးရကို ကျွန်မတို့ ပြစ်တင်ရှုတ်ချပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကုလားတန်စီမံကိန်းက ပဋိပက္ခတွေကို ပိုမိုဆိုးရွားစေပြီး တိုင်းရင်းသား လူ့အသိုင်းအဝိုင်းအပေါ် ခြိမ်းခြောက်နေတာဖြစ်တယ်။ အာဏာသိမ်းစစ်အစိုးရအောက်မှာ ဒီစီမံကိန်းကို အရှိန်မြင့်လုပ်ဆောင် သွားဖို့ဆိုတာက မဆင်မခြင်လုပ်ရပ်သာဖြစ်ပြီး ဒေသခံဘဝတွေကို အန္တရာယ်ကြားထဲ ပို့ဆောင်စေတာပဲ ဖြစ်တယ်။ စစ်တပ်ကို အရပ်သားအစိုးရဲ့ အပြည့်အဝ ထိမ်းချုပ်မှုအောက်မှာ ထားရှိပြီး၊ ဒီမိုကရေစီ ရရှိချိန်အထိ ဒီစီမံကိန်းကို ချက်ချင်းရပ်ဆိုင်း ထားရှိဖို့ ကျွန်မတို့တောင်းဆိုပါတယ်။ Bharat Freight နဲ့ KMEW ကုမ္ပဏီတို့ အပါအဝင် အိန္ဒိယကုမ္ပဏီများ အနေဖြင့် ကုလားတန်စီမံကိန်းမှာ ပါဝင်မှုကြောင့် မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတာကို ချက်ချင်းအဆုံးသတ်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” ဟု ပြောကြားသည်။

ကုလားတန်စီမံကိန်းကို ယခင်စစ်အာဏာရှင်လက်ထက် ၂၀၀၈ ခုနှစ်တွင် တရားဝင်စတင်ခဲ့ပြီး အိန္ဒိယ အရှေ့မြောက် ကုန်းတွင်းပိတ်ဒေသအတွက် နောက်ထပ် ရွေးချယ်စရာ ရေကြောင်းကုန်သွယ်ရေး လမ်းအဖြစ် အသုံးပြုနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ၎င်းစီမံကိန်းတွင် နယ်စပ်ဖြတ်ကျော်လမ်း တစ်လမ်း၊ ပလက်ဝတွင် ကုန်းတွင်းဆိပ်ကမ်းတစ်ခုနှင့် စစ်တွေတွင် ပင်လယ်ဆိပ်ကမ်းတစ်ခုတို့ ပါဝင်ပြီး အဆိုပါဒေသများသည် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည့် နေရာများ ဖြစ်သည်။ ယင်းစီမံကိန်းသည် ညှိနှိုင်းတိုင်ပင် ဆွေးနွေးမှုများ မရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြေယာသိမ်းဆည်းမှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေခြင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ အပေါ် ခြိမ်းခြောက်မှု အန္တရာယ်ရှိခြင်းများအတွက် ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သော အရပ်ဘက် အဖွဲ့အစည်းတစ်ခု၏ အစီရင်ခံစာတွင် ဝေဖန် ပြစ်တင်ခဲ့သည်။

အယ်ဒီတာများသို့မှတ်ချက်

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။


Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!

Website   Mirror site   X (Twitter)   Facebook   Telegram


Don't miss what's next. Subscribe to Justice For Myanmar:
← Newer Telenor Myanmar’s buyers have financed atrocities and cosied up to dictators. Stop the sale! Older → JFM responds to appointment of Sittwe Port operator: Calls for immediate suspension of project until there is democracy
Powered by Buttondown, the easiest way to start and grow your newsletter.