“စစ်ရာဇဝတ်ဂိုဏ်း ကျဆုံးရမည်၊ ပြည်သူများအောင်ရမည်” - တစ်နှစ်ပြည့် Justice For Myanmar
JUSTICE FOR MYANMAR
သို့-မိတ်ဆွေများအားလုံး
ဒီကနေ့ဟာ Justice For Myanmar ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဘဲဖြစ်ပါတယ်။ ကျွနိုပ်တို့ရဲ့ သတင်းထုတ်ပြန်ချက်အား အွန်လိုင်းယခုနေရာ သို့မဟုတ် အောက်ဖော်ပြပါlink တွင် ရယူနိုင်ပါပြီ။
လေးစားစွာဖြင့်၊ Justice For Myanmar
“စစ်ရာဇဝတ်ဂိုဏ်း ကျဆုံးရမည်၊ ပြည်သူများအောင်ရမည်”
တစ်နှစ်ပြည့် Justice For Myanmar
၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်။ မြန်မာ။ ယနေ့သည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာပြည်သူများအပေါ် ရာဇဝတ်မှုများ ကျူးလွန်နိုင်စေသည့် မြန်မာစစ်တပ်၏ ကျယ်ပြန့်သော စီးပွားရေး အကျိုးစီးပွားများနှင့် စနစ်တကျ ခြစားမှုများကို ဆန့်ကျင် လှုပ်ရှားရန် စတင်ခဲ့သည့် Justice For Myanmar ၏ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ လှုပ်ရှားမှုကို အခွင့်အရေးများ၊ တန်းတူရေး၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် အလုပ်လုပ်နေကြသည့် အမည်မဖော်သော တက်ကြွလှုပ်ရှားသူ အုပ်စုတစ်ခုက စတင်ခဲ့သည်။ Justice For Myanmar သည် ဖက်ဒရယ်ဒီမိုကရေစီ၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် စစ်တပ်သည် စီးပွားရေးမှ နောက်ဆုတ်သွားပြီး အရပ်သား ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိသွားသည့် ပိုမိုကောင်းမွန်သော အနာဂတ် မြန်မာနိုင်ငံအတွက် ကြိုးစား ရုန်းကန်နေသော ကျယ်ပြန့်သည့် လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
စစ်တပ်၏ စီးပွားရေး လုပ်ငန်းများကို ပစ်မှတ်ထားသည့် ပြည်တွင်း လှုပ်ရှားမှုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တရားမဝင် အာဏာသိမ်းချိန်မှစတင်၍ စစ်တပ် ထုတ်ကုန်များက စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှု၊ လောဘနှင့် ခြစားမှုတို့၏ သင်္ကေတ ဖြစ်လာသဖြင့် ဆတိုး ကြီးထွားလာခဲ့သည်။ MyTel SIM ကတ်နှင့် မြန်မာဘီယာ ကဲ့သို့ ပစ္စည်းများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်ခြင်းသည် စစ်တပ်၏ အောက်ခြေကို နှိုင်းယှဉ်၍ မရနိုင်အောင် ထိခိုက်စေခဲ့သည်။
စစ်တပ်၏ စီးပွားရေး ကွန်ရက်များအပေါ် လှုပ်ရှားမှုသည် ကမ္ဘာတစ်လွှား ပျံ့နှံ့သွားခဲ့ပြီး စစ်တပ်မှာ ၎င်း၏ အမြတ်အစွန်းများ ဆုံးရှုံးလျက်ရှိနေသည်။ တက်ကြွလှုပ်ရှားသူများက စစ်တပ်၏ စီးပွားရေး ကွန်ရက်များရှိ ဆက်ထုံးများကို ပစ်မှတ်ထားသည့် လှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြသည်။ ကမ္ဘာတစ်လွှားရှိ သတင်းသမားများကလည်း စစ်တပ်၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများကို ထိရောက်မှု ရှိစွာ အသေးစိတ် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ကာ လွတ်လပ်စွာ ဖော်ထုတ်ခဲ့ကြသည်။
ဖိအားများကြောင့် စစ်တပ်နှင့် ဆက်စပ်မှုရှိသော စီးပွားရေး လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိခဲ့သည်။ အာဏာသိမ်းချိန်မှစ၍
- ဦးပိုင် လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)၊ စစ်အုပ်စု ခေါင်းဆောင်များ၊ နှင့် ၎င်းတို့၏ သိသားစု စီးပွားရေး လုပ်ငန်းများကို အမေရိကန်၊ ယူကေနှင့် အီးယူတို့က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားခဲ့ကြသည်။
- Kirin Holdings နှင့် POSCO C&C တို့က ၎င်းတို့၏ စစ်တပ်နှင့် ဖက်စပ် လုပ်ကိုင်မှုများ ကို အဆုံးသတ်ကြောင်း ကြေညာခဲ့သည်။
- စင်္ကာပူ ရင်းနှီးမြှုပ်နှံသူ လင်မ်ကာလင်း Lim Kaling က စစ်တပ်၏ ဆေးရွက်ကြီး လက်ဝါးကြီးအုပ် လုပ်ငန်းမှ ထွက်ခွာခဲ့သည်။
- စင်္ကာပူ စတော့အိတ်ချိန်းက စစ်တပ်ထံမှ မြေငှားခဲ့သည့် အိမ်ယာ ဆောက်လုပ်ရေး ကုမ္ပဏီအပေါ် စည်းကမ်းထိန်းသိမ်းမှု အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။
- Électricité de France နှင့် Woodside Energy တို့က စစ်အုပ်စုနှင့် စီးပွားရေးများကို ဆိုင်းငံ့ထားလိုက်သည်။
- တိုက်ရိုက် ဖုန်းဝန်ဆောင်မှု ငွေကြေးတောင်းခံမှု လုပ်ငန်းများ ဖြစ်သည့် Coda Payments နှင့် Fortumo တို့က Mytel နှင့် အဆက်ဖြတ်ခဲ့သည်။
- မြန်မာစစ်အုပ်စုကို ဂျပန် အသေးစား ဂြိုလ်တု တစ်ခုက အသုံးပြုခွင့်ကို ကန့်သတ်ထားခဲ့သည်။
- Adani Ports ကို Dow Joines ရေရှည်တည်တံ့ခိုင်မြဲမှု အညွှန်းမှ ဖယ်ရှားခဲ့သည်။
- နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ် နှင့် နယ်သာလန်တို့၏ ဘဏ်များနှင့် အငြိမ်းစား ရံပုံငွေအဖွဲ့များက စစ်တပ်နှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများအပေါ် အရေးယူခဲ့သည်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “အာဏာသိမ်းတဲ့ အချိန်က စလို့ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ ပြင်းထန်ပြီး မကြုံစဖူး လှုပ်ရှားမှုကြီး ပေါက်ကွဲထွက်လာခဲ့တယ်၊ မြန်မာနိုင်ငံ တစ်လွှားက လူတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ သူတို့ရဲ့ အသက်တွေနဲ့ ဘဝတွေကို စတေးခဲ့ကြတယ်။ မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုက အကြောက်တရား လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူတွေဟာ တိတ်ဆိတ်သွားမှာ ဒါမှမဟုတ် ရပ်တန့်သွားမှာ မဟုတ်ဘူး။ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေ၊ လူသိအောင် ဖြန့်ဝေသူတွေ၊ လူထုတွေနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍက အလုပ်သမားတွေ နဲ့ အရေးကြီးတဲ့ အထောက်အထားတွေ ပေးခဲ့တဲ့ သတင်းသမားတွေ အပါအဝင် ဒီအရေးကိစ္စမှာ အသက်ကို စတေးခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ သူတွေကို ကျွန်ုပ်တို့ဟာ ဂုဏ်ပြုလိုက်ပါတယ်။ အားလုံး အတူတကွ စုပေါင်းပြီး ကျွန်ုပ်တို့ဟာ စစ်တပ် ကြီးစိုးမှုကို တိုက်ဖျက်ရမှာ ဖြစ်တယ်။ မြန်မာစစ်တပ်ကို စီးပွားရေးကနေ ဖယ်ရှားဖို့ရာဟာ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်။ စစ်တပ်တွေကို သူတို့ရဲ့ နေရာဖြစ်တဲ့ ဘားတိုက်တွေဆီကို ပြန်လည် တွန်းပို့ရမှာ ဖြစ်တယ်။”
Justice For Myanmar ၏ အလုပ်များမှာ မြန်မာ စစ်တပ်နှင့် ဘဏ္ဍာရေး ဆိုင်ရာ ချိတ်ဆက်မှုအားလုံးကို ဖြတ်တောက်ရန် အကြံပြုပေးခဲ့သည့် ၂၀၀၉ ခုနှစ် ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် စုဆောင်းရေး မစ်ရှင်၏ “မြန်မာ စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများ” အစီရင်ခံစာနောက်ပိုင်းတွင် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ Justice For Myanmar က မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်မှုကို အာမခံမှု ရှိစေရန် ရည်မှန်းထားသည်။
အယ်ဒီတာများအတွက် မှတ်ချက်။
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိစေရန်၊ စစ်တပ်စီးပွားရေးများ အဆုံးသတ်ရန် တောင်းဆိုနေကာ ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်နေသော အမည်မဖော်သော တက်ကြွလှုပ်ရှားသူ အုပ်စုဖြစ်သည်။
ဆုံး
ထပ်မံသိရှိလိုပါက - ရတနာမောင်
အီးမေးလ် - media@justiceformyanmar.org
ဝဘ်ဆိုဒ် - https://www.justiceformyanmar.org/
ပုံတူဝဘ်ဆိုဒ် - https://justiceformyanmar.github.io/justiceformyanmar.org/
တွစ်တာ - @justicemyanmar