Justice For Myanmar

Subscribe
Archives
June 14, 2021

Bharat Electronics Limited ၏ ရှယ်ယာရှင်များနှင့် လုပ်ဖော်ကိုင်ဖက်များအနေဖြင့် မြန်မာစစ်အုပ်စုသို့ စစ်ဘက်ဆိုင်ရာနည်းပညာ လွှဲပြောင်းမှုများ ရန်တန့်စေရေး ချက်ချင်းလုပ်ဆောင်ရမည်။

JUSTICE FOR MYANMAR


သို့-မိတ်ဆွေများအားလုံး

Justice For Myanmar အနေဖြင့် Bharat Electronics Limited (BEL) ကုမ္မဏီမှ မြန်မာနိုင်ငံသို့ လတ်တလောတွင် တင်ပို့ခဲ့သည့် စစ်ဘက်ဆိုင်ရာနည်းပညာများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ https://www.justiceformyanmar.org/stories/bharat-electronics-limited-supplying-military-technology-to-myanmar-since-attempted-coup

ဤနေရာနှင့် အောက်တွင် အင်တာနက်သတင်းထုတ်ပြန်ချက်ကို ရယူနိုင်ပါသည်။

BEL ကုမ္မဏီ၏ မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ဆောင်နေမှုကိုရပ်တန့်ရေးအတွက် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ကုမ္မဏီများ၊ သက်ဆိုင်ရာကုမ္မဏီများ၏ အစိုးရများနှင့် ရှယ်ယာရှင်များမှ အရေးတကြီးဆောင်ရွက်ပေးရန် ကျွန်ုပ်တို့မှတောင်းဆိုလိုက်သည်။

လေးစားလျက် Justice For Myanmar

Bharat Electronics Limited ၏ ရှယ်ယာရှင်များနှင့် လုပ်ဖော်ကိုင်ဖက်များအနေဖြင့် မြန်မာစစ်အုပ်စုသို့ စစ်ဘက်ဆိုင်ရာနည်းပညာ လွှဲပြောင်းမှုများ ရန်တန့်စေရေး ချက်ချင်းလုပ်ဆောင်ရမည်။

၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်၊ မြန်မာ။ အိန္ဒိယနိုင်ငံ၏အဓိက စစ်လက်နက်ထုတ်လုပ်သောကုမ္ပဏီတစ်ခုဖြစ်သည့် နိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္မဏီသည် ရေဒါဆိုင်ရာနည်းပညာများကို မြန်မာနိုင်ငံသို့ပေးပို့ထောက်ပံ့ခဲ့သည်။ ထိုသို့ နည်းပညာပေးပို့ထောက်ပံ့မှုကို တရားမဝင်အကြမ်းဖက်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် အနည်းဆုံး (၇) ကြိမ်မျှ လုပ်ဆောင်ခဲ့သည်ကိုလေ့လာတွေ့ရှိရသည်။ BEL ကုမ္မဏီမှ ရေဒါနည်းပညာတင်ပို့သည့်အချိန်သည် မြန်မာနိုင်ငံသားများအား စစ်တပ်မှလူမဆန်စွာ အကြမ်းဖက် ချေမှုန်းသတ်ဖြတ်မှုများဖြစ်ပေါ်နေသည့်ကာလဖြစ်နေသည်ကိုလည်းတွေ့ရှိရသည်။ ယနေ့ ထုတ်ပြန်ချက်သည် BEL ကုမ္မဏီနှင့်ပတ်သက်၍ အိန္ဒိယပို့ကုန်အချက်အလက်များအပေါ် Justice For Myanmar က လေ့လာဆန်းစစ်ရာမှထွက်ပေါ်လာသည့် စုံစမ်းစစ်ဆေးမှုဆိုင်ရာတွေ့ရှိချက်အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ BEL ကုမ္မဏီအနေဖြင့် မြန်မာ့စစ်တပ်နှင့် စီးပွားရေးဆက်နွယ်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် မြန်မာနိုင်ငံရုံးခွဲကိုလည်း ပိတ်သိမ်းရန် Justice for Myanmar မှ တိုက်တွန်းတောင်းဆိုပါသည်။

နည်းပညာလွှဲပြောင်းမှုများတွင် အိန္ဒိယအစိုးရက ပံ့ပိုးထားသော ကမ်းရိုးတန်းစောင့်ကြည့်ရေး စနစ်လည်းပါဝင်နေသည်။ မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် ရေဒါများအပေါ် Justice For Myanmar မှတွေ့ရှိရသည့် အချက်အလက်များအရ အဆိုပါရေဒါစနစ်များတွင် BEL ကုမ္ပဏီနှင့်သဘောတူညီချက်များ ချုပ်ဆိုထားသော ဒိန်းမတ်နိုင်ငံမှ Terma (သို့ )Thales ကုမ္မဏီ၏ နည်းပညာများ ဆက်စပ် ပါဝင်နေနိုင်သည်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “ရက်စက်ယုတ်မာပြီး တရားမဝင်တဲ့ အာဏာသိမ်း ကြိုးပမ်းမှု ကျူးလွန်ခဲ့တာတောင် BEL က မြန်မာစစ်တပ်ကို နည်းပညာတွေ ဆက်ပြီးပံ့ပိုးနေတာကို အံ့အားသင့်ရပါတယ်။ ဒီကနေ့အထိဆိုရင် စစ်တပ်ဟာ အသက် အငယ်ဆုံး ၄ နှစ် အရွယ် ကလေးတွေ အပါအဝင် လူပေါင်း ၈၆၀ ကျော်ကို သတ်ခဲ့ပြီးပါပြီ၊ လူပေါင်း ၄၇၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး တိုင်းရင်းသားဒေသများမှ အရပ်သား ၂၀၀,၀၀၀ ကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါတယ်။ အလွန်ရွံဖို့ကောင်းတာက BEL ဟာ မြန်မာနိုင်ငံကို နိုင်ငံခြားဈေးကွက်တစ်ခုအနေနဲ့သာ ဦးစားပေးသတ်မှတ်ပြီး၊ ရာဇဝတ်ကောင် စစ်တပ်ရဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ဖို့ ရန်ကုန်မှာ ရုံးတစ်ရုံးကို ဖွင့်လှစ်ထားပါတယ်။ အိန္ဒိယ အစိုးရအနေနဲ့ BEL ကုမ္မဏီရဲ့ လုပ်ငန်းတွေကနေတဆင့် အကြမ်းဖက်စစ်တပ်ကို တရားဝင် အသိအမှတ်ပြုပေးနေတာဟာ စစ်အုပ်စုက နိုင်ငံတဝှမ်း ပြည်သူတွေအပေါ် အကြိမ်းဖက် နှိမ်နင်းသတ်ဖြတ်နေတာတွေကို အားပေးနေတာပဲဖြစ်ပါတယ်။ BELရဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတွေ၊ သူတို့ အစိုးရတွေနဲ့ ရှယ်ယာ ပိုင်ရှင်တွေဟာ ကိုယ့်ရဲ့ ရပ်တည်ချက် ကျင့်ဝတ်ကို ရှင်းရှင်းလင်းလင်း ပြသတဲ့အနေနဲ့ စစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ BEL ကုမ္မဏီရဲ့ လုပ်ငန်းတွေချက်ချင်းရပ်တန့်အောင် လုပ်ဆောင်ဖို့လိုပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်ထက် အကျိုးအမြတ်ကို ပိုဦးစားပေးတဲ့ BEL ကုမ္မဏီ ရဲ့ အော့နှလုံးနာဖွယ် လုပ်ရပ်ဟာ ဘာကြောင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့ရေး ချမှတ်ဖို့ လိုအပ်တယ်ဆိုတာ ရှင်းလင်းစေပါတယ်။”

BEL ကုမ္မဏီသည်နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက် ကုမ္မဏီများအဖြစ် SAAB (ဆွီဒင်)၊ Thales (ပြင်သစ်/နယ်သာလန်)၊ Terma (ဒိန်းမတ်)၊ Israel Aerospace Industries (အစ္စရေးလ်)၊ Elbit Systems (Israel) နှင့် Beretta and Elettronica (အီတလီ) တို့ ဖြင့်လုပ်ကိုင်လျက်ရှိသည်။

BEL ကုမ္မဏီ၏ရှယ်ယာကို အများဆုံးပိုင်ဆိုင်သည့် နိုင်ငံတကာ ရှယ်ယာပိုင်ရှင်များတွင် Goldman Sachs (အမေရိကန်ပြည်ထောင်စု)၊ Nippon Life Insurance (ဂျပန်)၊ Mirae Asset Financial Group (တောင်ကိုရီးယား)၊ Dimensional Fund Advisors (အမေရိကန်ပြည်ထောင်စု)၊ Franklin Templeton (အမေရိကန်ပြည်ထောင်စု)၊ Norges Bank Investment Management (နော်ဝေ)၊ Ninety One (ယူကေ)၊ the Vanguard Group (အမေရိကန်ပြည်ထောင်စု)၊ နှင့် BNP Paribas (ပြင်သစ်) တို့ ပါဝင်သည်။

အယ်ဒီတာများသို့မှတ်ချက်

BEL ကုမ္မဏီမှ မြန်မာနိုင်ငံသို့ စစ်ဘက်ဆိုင်ရာ နည်းပညာများအား လွှဲပြောင်းပေးသည့်အပေါ် Justice For Myanmar ၏ စုံစမ်းစစ်ဆေးမှုကို www.justiceformyanmar.org/stories/bharat-electronics-limited-supplying-military-technology-to-myanmar-since-attempted-coup တွင် ကြည့်ပါ။

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေးရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။


Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!

Website   Mirror site   X (Twitter)   Facebook   Telegram


Don't miss what's next. Subscribe to Justice For Myanmar:
Powered by Buttondown, the easiest way to start and grow your newsletter.